ပြင်ဦးလွင်မြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ


(မှု့ခင်း) နိုဝင်ဘာ ၁

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ အောက်တိုဘာလ ၃၀ ရက်နေ့ ၀၈၃၀ အချိန် ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၅)တွင် လမ်းလျှောက်လာသူ မလှရီ(ခ)အေးနောင့် အား စစ်ဆေးရှာဖွေရာ ၎င်းထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၄,၀၀၀ ပြား(ဒေသကာလ ပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၈၀)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ကွင်းဆက်ဖော်ထုတ်ချက်အရ ယင်းနေ့ ညနေ ၅ နာရီကျော်အချိန်ခန့်က စိုင်းခွန်လင်း(ခ)အိုက်လျန်း(ခ)စိုင်းလျန်း အား ပြင်ဦးလွင်မြို့နယ်၊ ဘိုးနေဒွန်းကျေးရွာအနီးတွင် မော်တော်ဆိုင်ကယ် ၁ စီး၊ စိတ်ကြွရူးသွပ်ဆေးပြား ၁၀,၀၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၂၀၀)၊ လက်ကိုင်ဖုန်း ၁ လုံးတို့နှင့်အတူ ထပ်မံတွေ့ရှိ သိမ်းဆည်းရမိခဲ့သဖြင့် မလှရီ(ခ)အေးနောင့်၊ ၃၉ နှစ် နှင့် စိုင်းခွန်လင်း(ခ)အိုက်လျန်း(ခ)စိုင်းလျန်း၊ ၃၃ နှစ်တို့အား ပြင်ဦးလွင်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN