အန်တိုနီ ကို အရှုံးခံရောင်းထုတ်ဖို့ မန်ယူအသင်း စီစဉ်


(အားကစား) အောက်တိုဘာ ၂၄

မန်ယူအသင်းက တောင်ပံကစားသမား အန်တိုနီ ကို လာမည့်ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် အရှုံးခံ၍ ရောင်းထုတ်သွားရန် စီစဉ်နေကြောင်း သိရပါတယ်။

မန်ယူအသင်းက အန်တိုနီ ကို ၂၀၂၂ ခုနှစ်တွင် စတာလင်ပေါင် ၈၆ သန်းဖြင့် ခေါ်ယူခဲ့ပေမယ့် ယခုအခါ စတာလင်ပေါင် သန်း ၄၀ ရရှိပါက ပြန်လည်ရောင်းထုတ်ရန် စီစဉ်နေတာဖြစ်ပါတယ်။

အန်တိုနီ ဟာ မန်ယူအသင်းမှာ မျှော်လင့်ထားသလောက် ခြေစွမ်းပြနိုင်ခဲ့ခြင်းမရှိဘဲ ပြိုင်ပွဲစုံ ၈၆ ပွဲမှာ ၁၂ ဂိုးသာ သွင်းယူနိုင်ခဲ့ပြီး ယခုနှစ် ပရီးမီးယားလိဂ်ပွဲစဉ်များတွင် ၂၇ မိနစ်သာ ပါဝင်ကစားခွင့် ရရှိထားပါတယ်။

ဒါ့အပြင် မန်ယူအသင်း နောက်ခံကစားသမား မက်ဂွိုင်းရား ကိုလည်း လာမည့်ဇန်နဝါရီမှာ ရောင်းထုတ်ရန် ပြင်ဆင်နေကြောင်း သိရပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN