အခြေခံဥပဒေအရ တောင်ကိုရီးယားက‌ မြောက်ကိုရီးယား၏ ရန်ဘက်နိုင်ငံဖြစ်သွားပြီဟုဆိုဘင်္ဂလားဒေ့ရှ်တရားရုံးက ရှိတ်ဟာဆီနာ ကို ဖမ်းဝရမ်းထုတ်


(နိုင်ငံတကာ) အောက်တိုဘာ ၁၈

ဘင်္ဂလားဒေ့ရှ်တရားရုံးတစ်ရုံးက နိုင်ငံမှထွက်ပြေးသွားသည့် ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာဆီနာ ကို ဖမ်းဆီးနိုင်ရေးအတွက် အောက်တိုဘာလ ၁၇ ရက်တွင် ဖမ်းဝရမ်းထုတ်လိုက်ပြီဖြစ်ကြောင်း သိရသည်။

တရားရုံးက ရှိတ်ဟာဆီနာ ကို ဖမ်းဝရမ်းထုတ်လိုက်ကြောင်း နိုဝင်ဘာလ ၈ ရက်မှာ ၎င်းကို တရားရုံးတော် ရှေ့မှောက်သို့ အရောက်တင်သွင်းရမှာဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံတကာပြစ်မှုဆိုင်ရာခုံရုံးမှရှေ့နေချုပ် မိုဟာမတ်တာဂျူး အစ္စလာမ် ကပြောသည်။

ထို့ပြင် ဇူလိုင်လမှဩဂုတ်လအတွင်း ဖြစ်ပွားခဲ့သော လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများ၊ သေဆုံး ရမှုများနှင့် လူသားမျိုးနွယ်စုအပေါ် ဆန့်ကျင်သည့် ပြစ်မှုကျူးလွန်သူများကို နောက်ကွယ်မှချုပ်ကိုင်ခဲ့သူမှာ ရှိတ်ဟာဆီ ဖြစ်သောကြောင့် ယခုကဲ့သို့ တရားရုံးက ဖမ်းဝရမ်းထုတ်လိုက်သည့် အောက်တိုဘာလ ၁၇ ရက်သည် ထူးခြားသောနေ့တစ်နေ့ဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

အလားတူ ဘင်္ဂလားဒေ့ရှ်တရားရုံးက ဟာဆီနာ၏အဝါမီအဖွဲ့ချုပ်ပါတီ အတွင်းရေးမှူး အိုဘိုင်ဒူကွေတာနှင့် အခြားသောပုဂ္ဂိုလ် ၄၄ ဦးကိုလည်း ဖမ်းဆီးရန် ဖမ်းဝရမ်းထုတ်ပြန်လိုက်ကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN