“ယခုလမှာ စာအုန်းဆီများကို အိမ်ထောင်စုပေါင်း ၁၈၀,၀၀၀ အထိ အိမ်တိုင်ရာရောက် တိုးချဲ့ဖြန့်ဖြူးချရန်ဆောင်ရွက်”

(စီးပွားရေး) အောက်တိုဘာ ၁၀

ရန်ကုန်တိုင်းဒေသကြီးအတွင်း စားအုန်းဆီများကို အိမ်တိုင်ရာရောက် ဖြန့်ဖြူးရောင်းချမှုတွင် မှာယူသူများပြား နေသဖြင့် ယခုအောက်တိုဘာလတွင် အိမ်ထောင်စုပေါင်း ၁၈၀,၀၀၀ အထိတိုးချဲ့ဖြန့်ဖြူးရန် စီစဉ်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ စားအုန်းဆီအိမ်တိုင်ရာရောက် ဖြန့်ဖြူးရောင်းချရေးကော်မတီမှ သိရပါတယ်။

စားအုန်းဆီဖြန့်ဖြူးရောင်းချရာမှာ ပြည်သူများထံသို့ အိမ်တိုင်ရာရောက် Door to Door စနစ်နဲ့ ဩဂုတ်မှစတင်၍ ရောင်းချပေးခဲ့ရာ ယခုအောက်တိုဘာလအထိ ၃ လခန့်ရှိပြီဖြစ်ပါတယ်။

စတင်စမ်းသပ်ဆောင်ရွက်သည့် ဩဂုတ်လ အတွင်းမှာ ဆက်သွယ်ဝယ်ယူသူအိမ်ထောင်စု ၁၈,၀၀၀ ခန့်သာရှိခဲ့ပြီး စက်တင်ဘာလတွင် ထပ်မံ၍ Call Centre များ တိုးချဲ့စီစဉ်ဆောင်ရွက်ပေးခဲ့ရာ အိမ်ထောင်စု ၁၅၀,၀၀၀ ခန့်အထိ အမှာစာများတိုးမြှင့်ရရှိကာ ဖြန့်ဖြူးပေးပို့နိုင်ခဲ့ကြောင်း သိရပါတယ်။

လက်ရှိ ဆီမှာယူသူများအနေဖြင့်လည်း ပစ္စည်းရောက်ငွေချေစနစ်သာ ဖြစ်သည့်အတွက် ဆီဖိုးကိုကြိုတင်ငွေ ပေးချေရန် မလိုအပ်ကြောင်း၊ ပစ္စည်းမှာကြားသည့်ရက်နှင့် ပစ္စည်းရောက်ရှိမည့်ရက်မှာ ၅ ရက်ခန့် ကွာခြားနိုင်ကြောင်းနှင့် ပို့ဆောင်ပေးသည့် Delivery ခကိုတော့ မှာကြားသူဘက်မှ ပေးချေရမှာဖြစ်ကြောင်းလည်း အသိပေးထားရှိပြီး ဖြစ်ပါတယ်။

 အိမ်တိုင်ရာရောက် ဖြန့်ဖြူးရောင်းချရေးကော်မတီမှ ထုတ်ပြန်ထားသောခရိုင် ၁၄ ခရိုင်ရှိ မြို့နယ် ၄၄ မြို့နယ်ရဲ့ ဆက်သွယ်မှာယူနိုင်တဲ့ Call Center ဖုန်းနံပါတ်များမှာ တိုက်ကြီး၊ လှည်းကူး၊ မှော်ဘီ၊ မင်္ဂလာဒုံ၊ အင်းစိန်၊ သန်လျင်၊ တွံတေးနှင့် မရမ်းကုန်းခရိုင်တို့အတွက် ၀၁-၄၇၀၅၅၆၆ (လိုင်းခွဲ- ၁၅ လိုင်း)နှင့် ၀၉-၉၄၀၁၇၁၂၂၂ (လိုင်းခွဲ-၁၅ လိုင်း) သို့လည်းကောင်း၊ ကျောက်တံတား၊ အလုံ၊ သင်္ဃန်းကျွန်း၊ ဗိုလ်တထောင်၊ ဒဂုံမြို့သစ်နှင့် ကမာရွတ်ခရိုင် တို့အတွက် ၀၉-၇၇၁၀၀၂၇၂၂ (လိုင်းခွဲ-၁၀ လိုင်း)နှင့် ၀၁-၄၇၀၆၇၂၂ (လိုင်းခွဲ-၁၀ လိုင်း)တို့ဖြစ်တယ်လို့ သိရပါတယ်။

#PAN