တောင်တော်ဖွင့်ပွဲအတွက် ကျိုက်ထီးရိုးစေတီတော်တွင် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်နေ

(ပြည်တွင်း) စက်တင်ဘာ ၉

လာမည့် အောက်တိုဘာလ သီတင်းကျွတ်ချိန် ဘုရားဖူးရာသီတွင် ကျိုက်ထီးရိုးတောင်တော် ဖွင့်ပွဲအခမ်းအနား ကျင်းပသွားမှာဖြစ်လို့ လိုအပ်သည်များ ကြိုတင်ပြင်ဆင်ဆောင်ရွက်နေကြောင်း ကျိုက်ထီးရိုးစေတီတော်၊ ဂေါပက အဖွဲ့ထံမှ သိရပါတယ်။

သီတင်းကျွတ်ကာလ အများပြည်သူရုံးပိတ်ရက်မှာ အောက်တိုဘာလ ၁၆ ရက်မှ ၁၈ ရက်အထိဖြစ်ပြီး စနေ၊ တနင်္ဂနွေနေ့များပါ ရက်ဆက်ပိတ်နေတာကြောင့် ဘုရားဖူးခရီးသွားများ ပိုမိုလာရောက်နိုင်တယ်လို့ စေတီတော် ဂေါပကအဖွဲ့က ခန့်မှန်းထားတာလည်း ဖြစ်ပါတယ်။

လက်ရှိမှာ ကျိုက်ထီးရိုးစေတီတော် တောင်တော်ဖွင့်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုများအနေနဲ့ တောင်တက် မော်တော်ယာဉ်များ ကြံ့ခိုင်ရေး၊ တည်းခိုဆောင်များ သန့်ရှင်းရေး၊ ဈေးဆိုင်တန်းများကို ပြန်လည်နေရာချထားရေး အပါအဝင် လိုအပ်တာတွေကို ကြိုတင်ပြင်ဆင်နေတယ်လို့ သိရပါတယ်။

အောင်မောင်း(ရာမညမြေ)

#PAN