စိတ်ဖောက်ပြန်မှုရောဂါကို AI အသုံးပြုပြီး စောစီးစွာရှာဖွေနိုင်မည်

(နိုင်ငံတကာ) ဩဂုတ် ၃၀

ဗြိတိန်နိုင်ငံမှ သိပ္ပံပညာရှင်များက AI နည်းပညာအသုံးပြုပြီး စိတ်ဖောက်ပြန်မှု‌ ရောဂါကို ယခင်ကထက် စောစီးစွာရှာဖွေနိုင်တော့မည်ဟု ထုတ်ပြန်လာသည်။

အီဒင်ဘာ့နှင့်  ဒန်းဒီးတက္ကသိုလ်တို့မှ သိပ္ပံပညာရှင်များပါဝင်သော အဖွဲ့တစ်ဖွဲ့ သည် စကော့တလန်နိုင်ငံက ဆယ်စုနှစ် တစ်ခုကျော်ကာလအတွင်း စုဆောင်းထား သည့် CT နှင့် MRI စကန်ရလဒ်တစ်သန်း ကျော်ကိုရယူကာ AI နည်းပညာအသုံးပြု ခြင်းအားဖြင့် စိတ်ဖောက်ပြန်မှုရောဂါဖြစ် ပွားနိုင်သည့်အခြေအနေကို စောစီးစွာဖော် ထုတ်နိုင်ခြင်းဖြစ်သည်။

စိတ်ဖောက်ပြန်မှုရောဂါသည် အသက်အရွယ်ကြီးရင့်သူများတွင် အဓိကကျသော လူမှုရေးနှင့်   ကျန်းမာရေး ပြဿနာများ ဖြစ်လာသည့်အတွက် ထိုရောဂါဖြစ်နိုင်ခြေရှိမှုကို စောစောစီးစီး ရှာဖွေနိုင်ခြင်းအားဖြင့် တွေ့ကြုံရမည့် စိန်ခေါ်မှုများကို ဖြေရှင်းပေးနိုင်စေရန် ရည်ရွယ်၍ ပညာရှင်များက ယခုနည်းလမ်းကို တီထွင်ဖန်တီးခြင်း ဖြစ်သည်။

တစ်ကမ္ဘာလုံးတွင် စိတ်ဖောက်ပြန်မှုရောဂါဖြင့် နေထိုင်နေကြရသူ ၅၅ သန်းခန့် ရှိကြောင်း၊ ထိုသူများကြောင့် စီးပွားရေး အရဆုံးရှုံးမှုမှာ ဒေါ်လာထရီလီယံပေါင်း များစွာဖြစ်ကြောင်း သုတေသနပညာရှင်များက ထုတ်ပြန်ထားသည်။

ယခုအခါ AI နှင့် အခြားသောအဆင့်မြင့် နည်းပညာများသည် ဆေးဘက်ဆိုင်ရာ သုတေသန လုပ်ငန်းများတွင်  အလွန်ထိ ရောက်မှုရှိသည့် အခန်းကဏ္ဍမှ ပါဝင်လာကြောင်း သိရသည်။         

#PAN