လူတူစက်ရုပ်ဖန်တီးမှုနယ်ပယ်တွင် တရုတ်က ဦးဆောင်နေ

(နိုင်ငံတကာ) သြဂုတ် ၂၄

     တရုတ်နိုင်ငံမှ နည်းပညာကုမ္ပဏီများက လူတူစက် ရုပ်များ ဖန်တီးမှုနယ်ပယ်တွင် ရင်းနှီးမြှုုပ်နှံမှုများ ပိုမို ထည့်ဝင်လာခြင်းဖြင့် ဦးဆောင်နေကြောင်း ကျွမ်းကျင်သူများနှင့် စီးပွားရေးလုပ်ငန်းရှင်များက ပြောသည်။

     ပေကျင်းမြို့၌ ဩဂုတ်လ ၂၅ ရက်အထိ ကျင်းပသွားမည်ဖြစ်သော ၂၀၂၄ ခုနှစ် ကမ္ဘာ့စက်ရုပ်ညီလာခံ ၌ တရုတ်နိုင်ငံထုတ် လူတူစက်ရုပ်များက လူအများစိတ်ဝင်စားမှုကို ခံရပြီးနောက် ပညာရှင်များ၏ မှတ် ချက်ပြု ပြောဆိုမှုများ ထွက်ပေါ်လာခြင်းဖြစ်သည်။

       လူတူစက်ရုပ်များသည် လူသားတို့၏ ထုတ် လုပ်မှုနှင့် လူနေမှုဘဝကို အလွန်ကြီးမားစွာ ပြောင်းလဲစေမည် ဖြစ်ကြောင်း၊ လူ့အသိုင်းအဝိုင်းတစ်ခုလုံးကို ဉာဏ်ရည်ဉာဏ်စွမ်းရှိသော ဖွံ့ဖြိုးတိုးတက်မှုဆီ ဦးတည်စေမည် ဖြစ်ကြောင်းနှင့် အမျိုးမျိုးသော စက်မှုလုပ်ငန်းများတွင် ပြောင်း လဲမှုများစွာ ဖြစ်ပေါ်စေမည်ဖြစ်ကြောင်း ကမ္ဘာ့စက်ရုပ် ပူးပေါင်းဆောင် ရွက်မှုအဖွဲ့၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

      စက်မှုလုပ်ငန်းများတွင် လူတူစက်ရုပ်များ သည် အန္တရာယ်ရှိသော ထုတ်လုပ်ရေးလုပ်ငန်းစဉ်များ၌ ကျယ်ကျယ်ပြန့်ပြန့် ပါဝင်လာနိုင်သည်သာမက ထုတ် လုပ်မှုကို ဘေးကင်းစိတ်ချမှုရှိစွာ လုပ် ဆောင်နိုင်စေမည် ဖြစ်သည်။

#PAN