AI ကို သင်ကြားပေးရင်း လူသားတို့၏ အမူ အကျင့်များ ပြောင်းလဲလာ

သြဂုတ် ၁၇

       ဝါရှင်တန်တက္ကသိုလ်မှ သုတေသနတစ်ခုအရ လူသားများသည် AI သင်ကြားပေးရင်း အမူအကျင့်များ ပြောင်းလဲလာသည်ကို တွေ့ရကြောင်းသိရသည်။

       ပြီးခဲ့သည့်နှစ် အနည်းငယ်အတွင်း လူသားများ သည် ဆုံးဖြတ်ချက်ချမှတ်ရေးအတွက် လုပ်ဆောင်ရာတွင် AI ၏အကူအညီအပေါ် များစွာမှီခိုလာသည်ကို တွေ့ရသည်။ တစ်ဖက်တွင်လည်း AI များသည် လူသားများကို ကူညီ ပေးသည်သာမက လူသားများထံမှ အမူအကျင့်များကိုလည်း လေ့လာသင်ယူမှုများ လုပ်ဆောင်သည်ကို တွေ့ရသည်။

      သို့သော် လူသားများသည် AI ကို သင်ကြားပေးရင်းဖြင့်ပင် ၎င်းတို့၏ အမူအကျင့်များ ပြောင်းလဲမှန်းမသိ ပြောင်းလဲလာသည်ဟု သုတေသီများက ပြော ထားသည်။

       သုတေသနပညာရှင်များသည် လူသားတို့၏ အပြု အမူနှင့် AI တို့ကြား စိတ်ပိုင်းဆိုင်ရာ ဆက် စပ်မှုအခြေ အနေကို လေ့လာရာမှ ယခုကဲ့သို့ တွေ့ရခြင်းဖြစ်သည်။ ထို့ကြောင့် AI ကို လေ့ကျင့်သင်ကြားပေးသည့် လူသားများသည် ဘက်လိုက်မှုများရှိနေပါက AI ၏ ဆုံးဖြတ် ချက်များကလည်း ဘက်လိုက်မှုများရှိနေမည် ဖြစ် သည်ဟု သုတေသနပညာရှင်များက သတိပေးထား သည်။

#PAN