ရေးတွင် ရာဘာမှိုင်းရုံ မီးလောင်မှုကြောင့် ရာဘာပေါင်(၁၀၀၀)ခန့်ပျက်ဆီး


(ပြည်တွင်း) ဩဂုတ် ၁၅

မွန်ပြည်နယ် ၊ ရေးမြို့နယ်၊ တူးမြောင်း ကျေးရွာအုပ်စု၊ ရွှေပြည်သာကျေးရွာတွင် ယနေ့ နံနက် ၈ နာရီ ၁၀ မိနစ်အချိန်ခန့်၌ ရာဘာမှိုင်းရုံ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။

ရေးမြို့ အောင်သုခရပ်ကွက်နေသူ ဦးကျော်ထိန်ဝင်း ၏ ရာဘာမှိုင်းရုံမီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အဆိုပါ မီးလောင်မှုသို့ ရေးမြို့နယ်မီးသတ်ဦးစီးဌာနတို့မှ တာဝန်ရှိသူများက မီးသတ်ယာဉ်(၂)စီး၊ ရေသယ်ယာဉ်(၃)စီးဖြင့် ဝိုင်းဝန်းငြိမ်းသတ်ခဲ့ရာ နံနက် ၉ အချိန် မီးထိန်းနိုင်ခဲ့ပြီး ၉ နာရီ ၁၅ မိနစ်အချိန်တွင် အပြီးသတ်မီးငြိမ်းနိုင်ခဲ့ကြောင်း သိရသည်။

မီးလောင်မှုမှာ ရာဘာမှိုင်းရုံအတွင်း ရာဘာပြားများ မှိုင်းခံကြပ်တင်ရာမှ အပူလွန်ကဲပြီး မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး မီးလောင်မှု​ကြောင့်ပေ(၂၀)ပတ်လည်ခန့်ရှိ သွပ်မိုး/သွပ်ကာ မှိုင်းရုံ(၁)လုံး(ကာလတန်ဖိုး-(၆)သိန်းကျပ်ခန့်)၊ ရာဘာပေါင်(၁၀၀၀)ခန့် (ကာလ တန်ဖိုး -(၁၃) သိန်း ကျပ်ခန့်) ၊စုစုပေါင်း(၁၉)သိန်း ကျပ်ခန့် ပျက်စီးဆုံးရှုံးခဲ့ဟု သိရသည်။

#PAN