AI နည်းပညာဖြင့် e-Government ကူးပြောင်းရေး ဆောင်ရွက်မည်


(နည်းပညာ) ဩဂုတ် ၁၃

ဩဂုတ်လ ၉ ရက်က နေပြည်တော်မှာ ကျင်းပပြုလုပ်တဲ့ ဉာဏ်ရည်တုနည်းပညာဆိုင်ရာ အခြေခံအသိပညာပေး ရှင်းလင်းဆွေးနွေးပွဲမှာ ဉာဏ်ရည်တုနည်းပညာ AI ဆိုင်ရာ အသိပညာတွေနဲ့ e-Government အသွင်ကူးပြောင်းရေး ဆောင်ရွက်သွားဖို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော် က ပြောပါတယ်။

ပြည်သူဗဟိုပြုတဲ့ e-Government ဝန်ဆောင်မှုတွေ ဖွံဖြိုးတိုးတက်လာစေရေး ဦးတည်ဆောင်ရွက်ရာမှာ ဉာဏ်ရည်တုနည်းပညာ AI နဲ့ ဆက်စပ်ဆောင်ရွက်နိုင်မှုကို သိရှိနားလည်ဖို့ လိုအပ်ကြောင်းလည်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော်က ပြောပါတယ်။

နိုင်ငံတော်က ချမှတ်ထားတဲ့ လုပ်ငန်းစဉ်တွေနဲ့ ဒစ်ဂျစ်တယ်နည်းပညာသစ်တွေ လျင်မြန်စွာပြောင်းလဲမှုတို့ လိုက်လျောညီထွေရှိစေဖို “Myanmar e-Governance Master Plan 2030”ကို ရေးဆွဲထားပြီးဖြစ်တဲ့အပြင် ဉာဏ်ရည်တု AI အသုံးပြုမှု မူဝါဒကိုလည်း ရေးဆွဲနေတယ်လို့ သိရပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN

SZ