(နိုင်ငံတကာ)ဩဂုတ် ၈
ထိုင်းရွေးကောက်ပွဲတွင် အမတ်နေရာအများဆုံးအနိုင်ရခဲ့သည့် Move Forward ပါတီအား ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးမှ ဖျက်သိမ်းလိုက်ကြောင်းသိရသည်။
Move forward ပါတီခေါင်းဆောင်ပိတလင်ဂျာရိုရွတ်ကိုလည်း နိုင်ငံရေးလုပ်ကိုင်ခွင့် ၁၀ နှစ်အထိ ပိတ်ပင်လိုက်ကြောင်းသိရသည်။
Move forward ပါတီခေါင်းဆောင် ပိတသည် ပြီးခဲ့သည့် ထိုင်းရွေးကောက်ပွဲတွင် ဘုရင်စနစ်ဖျက်သိမ်းရေးနှင့် စစ်တပ်၏အခန်းကဏ္ဍလျှော့ချရေးစသည့် အချက်များဖြင့် စည်းရုံးမဲဆွယ်ခဲ့သူလည်းဖြစ်သည်။
အဆိုပါဆုံးဖြတ်ချက်တွင် ပိတအပြင် ၎င်းတို့ပါတီ၏ ထိပ်ပိုင်းခေါင်းဆောင်များကိုလည်း နိုင်ငံရေးလုပ်ကိုင်ခွင့် ၁ဝ နှစ်ပိတ်ပင်လိုက်ကြောင်းသိရသည်။
#PAN
