မြင်းခြံမြို့နယ်၊ ကျောက်ကန်ကျေးရွာရှိ နေအိမ် ၂၀၀ ခန့်အား အကြမ်းဖက် PDF အဖွဲ့များမှ မီးရှို့ဖျတ်စီး


(ပြည်တွင်း) ဇူလိုင် ၁၅

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ ကျောက်ကန်ကျေးရွာအား ယနေ့နံနက် ၅ နာရီ အချိန်ခန့်က အကြမ်းဖက် PDF (အင်အားစိစစ်ဆဲ)တို့ လာရောက်တိုက်ခိုက်ခဲ့ပြီး ကျေးရွာအတွင်းရှိ နေအိမ်များအား မီးရှို့ဖျတ်စီးသွားခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်တွင် ကျောက်ကန်ကျေးရွာအား အကြမ်းဖက် PDF (အင်အားစိစစ်ဆဲ)တို့ လာရောက်တိုက်ခိုက်ခဲ့ရာ ကျေးရွာရှိ ပြည်သူ့စစ်(ဌာနေ)အဖွဲ့ဝင်များက ခုခံတိုက် ခိုက်ခဲ့သော်လည်း လက်နက်/ခဲယမ်း မပြည့်စုံမှုကြောင့် ဆုတ်ခွာပေးခဲ့ကြောင်း သိရှိရသည်။

ထိုသို့ ပြည်သူ့စစ်(ဌာနေ)အဖွဲ့ဝင်များ ဆုတ်ခွာသွားပြီးနောက် အကြမ်းဖက် PDF များက ကျေးရွာအတွင်းရှိ နေအိမ်များအား မီးရှို့ဖျတ်စီးပြီး ထွက်ခွာသွားခဲ့ ကြောင်း၊ အကြမ်းဖက် PDF အဖွဲ့များ၏ မီးရှို့မှုကြောင့် အိမ်ခြေ ၂၀၀ ခန့် မီးလောင်ပျက်စီးခဲ့ရပြီး လူသေဆုံး/ထိခိုက်မှု မရှိကြောင်း သိရှိရသည်။

Telegram>>…
https://t.me/positiveanglenews

PAN

SZ