တောင်ကိုရီးယား ခေါက်ဆွဲထုတ်များ ပြန်သိမ်းဆည်းရန် ဒိန်းမတ်သတိပေး


(နိုင်ငံတကာ) ဇွန် ၁၂

အစပ်လွန်သော တောင်ကိုရီးယားနိုင်ငံလုပ် အသင့်စားခေါက်ဆွဲခြောက်ထုတ်များ ပြန်လည်သိမ်းဆည်းရန် ဒိန်းမတ်နိုင်ငံ အစားအစာဆိုင်ရာ အေဂျင်စီမှ ယမန်နေ့က သတိပေးချက်ထုတ်ပြန်ခဲ့သည်။

ခေါက်ဆွဲခြောက်ထုတ်လုပ်သည့် တောင်ကိုရီးယား ကုမ္ပဏီမှ Samyang ၎င်းတို့၏ အစားအသောက်အရည်အသွေးတွင် ပြဿနာမရှိကြောင်း ပြန်လည်ချေပခဲ့သည်။

“ဒိန်းမတ် အစားအသောက်ဆိုင်ရာ အာဏာပိုင်တွေက ပစ္စည်း အရည်အသွေး ပြဿနာကြောင့် မဟုတ်ဘဲ စပ်လွန်းတာကြောင့် ထုတ်ကုန်တွေကို ပြန်သိမ်းခဲ့တာလို့ နားလည်ပါတယ်” ဟု အဆိုပါ ကုမ္ပဏီကဆိုသည်။

ခေါက်ဆွဲခြောက်တစ်ထုတ်တွင် capsaicin ပါဝင်မှုမြင့်မားသည့်အတွက် စားသုံးသူများအား ပြင်းထန်သည့်အဆိပ်သင့်နိုင်ကြောင်းထုတ်ပြန်ထားသည်။

Samyang ကုမ္ပဏီအား ပြန်လည်သိမ်းဆည်းခဲ့သည့် အသင့်စား ခေါက်ဆွဲခြောက်ထုတ်များသည် Buldak 3x Spicy & Hot Chicken၊ 2x Spicy & Hot Chicken နှင့် Hot Chicken Stew တို့ ဖြစ်ကြောင်းသိရသည်။

Telegram>>…
https://t.me/positiveanglenews

PAN

AMK #SZ