ဇီးဖြူကုန်းကျေးရွာအနီး အကြမ်းဖက် PDF အဖွဲ့များနှင့် လုံးခြုံရေးအဖွဲ့များ အပြန်အလှန်ပစ်ခတ်မှုဖြစ်ရာ အကြမ်းဖက်အလောင်းများနှင် လက်နက်ခဲယမ်းများသိမ်းဆည်းရမိ


(ပြည်တွင်း) ဇွန်လ ၁၂

ယမန်နေ့ နံနက် ၈ နာရီအချိန်ခန့်က စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာအနီးတွင် နယ်မြေရှင်းလင်းနေသည့် လုံခြုံရေးအဖွဲ့များနှင့် အကြမ်းဖက် PDF များ ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ အကြမ်းဖက် PDF အလောင်းများနှင့် ၎င်းတို့၏ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း သိရသည်။

ယင်းထိတွေ့ ပစ်ခတ်မှုမှ အကြမ်းဖက် PDF ၂ လောင်း၊ Type-81 သေနတ် ၂ လက်၊ ကျည်အိမ် ၃ ခု၊ ကျည် ၁၁၀ တောင့်၊ လက်ပစ်ဗုံး ၂ လုံး၊ အာပီဂျီဒုံးသီး ၁ လုံး၊ အိုင်ကွန် ၂ လုံးတို့ကို သိမ်းဆည်းရမိကြောင်း သိရပါသည်။

အဆိုပါ ပုလဲမြို့နယ်တွင် မကြာသေမီရက်ပိုင်းအတွင်းက အကြမ်းဖက်ခေါင်းဆောင် ဇော်ထက်၏ လက်ထောက် ၁ ဦး လုပ်ကြံသတ်ဖြတ်ခံရ၍ ၎င်းတို့အကြမ်းဖက်အဖွဲ့အတွင်း တစ်ဦးနှင့် တစ်ဦး မယုံသင်္ကာသံတရများဖြင့် ရှုတ်ထွေးနေဆဲဖြစ်ကြောင်းဒေသခံများထံမှ သိရသည်။

Telegram>>…
https://t.me/positiveanglenews

PAN

GE #SZ