မော်လမြိုင်-သံဖြူဇရပ်လမ်းမပေါ်တွင် လုံခြုံရေးဆောင်ရွက်နေသည့် ယာဉ်တန်းအား ချောင်းမြောင်းပစ်ခတ်


(ပြည်တွင်း) ဇွန် ၁၀

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ရောင်းဒေါင်းကျေးရွာ၊ မော်လမြိုင်-သံဖြူဇရပ်လမ်းမပေါ်တွင် လုံခြုံရေးဆောင်ရွက်နေသည့် ယာဉ်တန်း ချောင်းမြောင်းပစ်ခတ်ခံရကြောင်း သိရသည်။

ယမန်နေ့ ညနေ ၃ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် ရောင်းဒေါင်းကျေးရွာ၊ မော်လမြိုင်-သံဖြူဇရပ်ကားလမ်းပေါ်တွင် လမ်းကင်းလုံခြုံရေးဆောင်ရွက်နေသည့် အမှတ် (၃၁၈)အမြောက်တပ်ရင်းမှ မော်တော်ယာဉ်ကို မွန်ပြည်သစ်(ခွဲထွက်)အဖွဲ့မှချောင်းမြောင်းပစ်ခတ် တိုက်ခိုက်ခံရ၍ အမြှောက်တပ်ရင်းမှ အရာခံ ဗိုလ်တင်ဝင်း ဦးစီးပြီး ၁၀ ဦးတို့ စီးနင်းလာသည့် မော်တော်ယာဉ်ကို လက်နက်ငယ်များဖြင့် ဝိုင်းဝန်းပစ်ခတ် တိုက်ခိုက်ခံရကာ အရာခံဗိုလ် တင်ဝင်း ကျည်ထိမှန်ကျဆုံးခဲ့ပြီး တပ်ကြပ်ကြီး ဝင်းဇော်လတ်(ယာဉ်မောင်း) ယာဒူး ကျည်ထိမှန်(မစိုးရိမ်ရ)ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

၎င်းအပြင် ထိုပစ်ခတ်မှုကြောင့် မော်လမြိုင်မြို့မှ သံဖြူဇရပ်မြို့ဘက်သို့(ကုန်မပါ) အထပ်သားများ တင်ဆောင်ရန် မောင်းနှင်လာသည့် ၁၂ ဘီးယာဉ်မောင်းဖြစ်သူ အသက် ၃၄ နှစ်အရွယ် ချစ်ရင်ထူး၏ ဝဲဘက်ဝမ်းဗိုက်တွင် ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်ရရှိခဲ့ပြီး သံဖြူဇရပ်ပြည်သူဆေးရုံးကြီး၌ ဆေးကုသမှု ခံယူနေကြောင်းသိရပြီး အကြမ်းဖက်များဆုတ်ပြေးရာနောက်သို့ ရှင်းလင်းရေးစစ်ကြောင်းမှ လိုက်လန်ချေမှုန်းနေကြောင်း သိရသည်။

Telegram>>…
https://t.me/positiveanglenews

PAN

GE #SZ