(ပြည်တွင်း) ဇွန် ၉
ပဲခူးမြစ်ကူးတံတား(သန်လျင်တံတားအမှတ်-၃) အသုံးပြုခအား ဇွန် ၈ ရက်မှ ၁၄ ရက်အထိ အခမဲ့ဖြတ်သန်းခွင့်ပြုပေးသွားမည်
(ပြည်တွင်း) ဇွန် ၉
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပဲခူးမြစ်ကူးတံတား(သန်လျင်တံတားအမှတ်-၃) ဖွင့်ပွဲအခမ်းအနားကို ဇွန် ၈ ရက်နံနက်ပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်၍ဖွင့်လှစ်ပေးခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ပဲခူးမြစ်ကူးတံတား(သန်လျင်တံတားအမှတ်-၃)အား ဖွင့်ပွဲအခမ်းအနားပြီးဆုံးချိန်မှစ၍ မော်တော်ယာဉ်များဖြတ်သန်းသွားလာခွင့်ပေးခဲ့ရာ သန်လျင် မြို့သို့ အသွားအပြန်ပြုလုပ်လျက်ရှိသည့် မော်တော်ယာဉ်များသည် အဆိုပါတံတားအသစ်ကြီးပေါ်မှ စည်ကားများပြားစွာဖြင့် ဖြတ်သန်းမောင်းနှင် လျက်ရှိပြီး စတင်ဖွင့်လှစ်သည့် နေ့တွင် ကားအစီးရေ ၁၂၉၈၈ စီးဖြတ်သန်းမောင်းနှင်ခဲ့ပြီး ယနေ့နံနက်ပိုင်းတွင် ကားအစီးရေ ၄၂၀၀ စီးကျော်ဖြတ်သန်းမောင်းနှင် ခဲ့ကြောင်း သိရှိရသည်။
ပဲခူးမြစ်ကူးတံတား(သန်လျင်တံတားအမှတ်-၃) အသုံးပြုခအား ဇွန် ၈ ရက်မှ ၁၄ ရက်အထိ အခမဲ့ဖြတ်သန်းခွင့်ပြုပေးသွားမည်ဖြစ်ကြောင်းနှင့် ၁၅ ရက်နေ့မှစတင်၍ တံတားဖြတ်သန်းခများကို မော်တော်ယာဉ်အမျိုးအစားများအလိုက် ကောက်ခံသွားမည် ဖြစ်ကြောင်းသိရှိရသည်။
ယခုကဲ့သို့ ပဲခူးမြစ်ကူးတံတား(သန်လျင်တံတားအမှတ်-၃) တံတားသစ်ကြီးကို တည်ဆောက် ဖွင့်လှစ်နိုင်ခဲ့ခြင်းကြောင့် သံလျင်တံတားအမှတ်-၁ တွင် ဖြစ်ပေါ်လျက်ရှိသည့် ယာဉ်ကြောပိတ်ဆို့မှုများအား ဖြေရှင်းပေးနိုင်မည်ဖြစ်ပြီး သီလဝါအထူးစီးပွားရေး ဇုန်ကိုအကြောင်းပြု၍ ပြည်တွင်း၊ ပြည်ပ စီးပွားရေး လုပ်ငန်းများ တိုးပွားလာမှုကြောင့် ရန်ကုန်မြို့ အပါအဝင် ရန်ကုန်တောင်ပိုင်းခရိုင်မြို့နယ်များဖြစ်သည့် သန်လျင်၊ ကျောက်တန်း၊ ခရမ်း၊ သုံးခွဒေသရှိပြည်သူ များ၏ လူမှုစီးပွားဘဝတိုးတက်လာမည်ဖြစ်ကြောင်း သတင်းရရှိသည်။
Telegram>>…
https://t.me/positiveanglenews