သင်ပျိုကျေးရွာပရဟိတဥက္ကဌနှင့် ဇနီးဖြစ်သူတို့အား အကြမ်းဖက်သမားများက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်


(ပြည်တွင်း) ဇွန် ၆

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ အနောက်ငယ်တိုးကျေးရွာအုပ်စု၊ အနောက်ငယ်တိုးကျေးရွာနှင့် ညောင်ဝန်းကျေးရွာသွားလမ်း​ပေါ်တွင် ယနေ့ မွန်းတည့် ၁၂ နာရီ ၄၅ မိနစ်အချိန်ခန့်က ကျေးရွာပရဟိတအသင်း ဥက္ကဋ္ဌနှင့် ဇနီးဖြစ်သူတို့ ၂ ဦးအား အကြမ်းဖက်သမားများမှ သေနတ်ဖြင့် ပစ်ခတ် သွား ကြောင်း သိရသည်။

ဖြစ်စဥ်မှာ ကျောက်ဆည်မြို့နယ်၊ သင်ပျိုကျေးရွာနေ ဦးသိန်းဆွေ(ခ)ဗူးလွယ်၊ အသက် ၅၅ နှစ်၊ ကျေးရွာပရဟိတအသင်း ဥက္ကဋ္ဌ၊ ကျေးရွာအုပ်ချုပ်ရေးမှူး ဟောင်း(ပြည်ခိုင်ဖြိုးပါတီဝင်)နှင့် ဇနီးဖြစ်သူ ဒေါ်သက်နွယ်၊ အသက် ၅၃ နှစ်၊ တို့သည် Wave-125 အနက်ရောင်ဆိုင်ကယ်ဖြင့် ကျောက်ဆည်မြို့မှ ဆေးခန်းပြပြီး သင်ပျိုကျေးရွာသို့ပြန်လာစဉ် ကျောက်ဆည်မြို့နယ်၊ ညောင်ဝန်းကျေးရွာနှင့် အနောက်ငယ်တိုးကျေးရွာကြား၊ ဇရပ်အနီး အရောက်တွင် အမည်မသိ အကြမ်းဖက်သမား ၂ ဦးမှ ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

အဆိုပါ သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် ဦးသိန်းဆွေ တွင် ဦးခေါင်းနောက်စေ့ ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ဝဲဘက်နားထင် ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ဝဲ-နောက်စိ ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ဝဲ-နောက်ကျောဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ဝဲ-ရင်အုံဖောက်ဝင်ဒဏ်ရာ ၂ ချက်ဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးသွား ခဲ့ပြီး ဇနီးဖြစ်သူ ဒေါ်သက်နွယ်တွင် ဝဲဘက်လည်ပင်း ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ယာဘက်လက်မောင်း ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ဝမ်းဗိုက်ယာဘက် ဖောက်ဝင်ဒဏ်ရာ ၁ ချက်(စိုးရိမ်ရ)ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

သေနတ်ထိမှန် ဒဏ်ရာရရှိသူ ဒေါ်သက်နွယ်အား ၁ နာရီ ၁၅ မိနစ်အချိန်တွင် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြောင်း၊ အခင်းဖြစ်နေရာအနီးမှ 9-MM ကျည်ခွံ ၇ ခုအား တွေ့ရှိသိမ်းဆည်းရရှိခဲ့ပြီး ဦးသိန်းဆွေတို့ မောင်းနှင်လာသည့် Wave-125 အနက်ရောင်ဆိုင်ကယ်အား အကြမ်းဖက်သမားများမှ ယူ ဆောင်သွားခဲ့ကြောင်း သိရှိရသည်။

Telegram>>…
https://t.me/positiveanglenews

PAN

ZN #SZ