မြောင်းမြမြို့၊ အမှတ်(၆)ရပ်ကွက်၊(၁၂)လမ်း၊ အိမ်အမှတ်(၁၆/ခ)နေအိမ်မှ ခိုးယူသွားသော ခိုးရာပါပစ္စည်းနှင့် တရခံများဖမ်းဆီးရမိ


(မှုခင်း) ဇွန် ၆

ဧရာတီတိုင်းဒေသကြီး၊ မြောင်းမြမြို့၊ အမှတ်(၆)ရပ်ကွက်၊(၁၂)လမ်း၊ အိမ်အမှတ်(၁၆/ခ)နေ ဦးမင်းရွှေ၊ အသက် ၄၅ နှစ်၊ ကုန်သည်လုပ်ကိုင်သူ ၏ နေအိမ်အောက်ထပ်၊ စဉ်ဝင်အောက်တွင် ရပ်ထားသော PCX အမျိုး အစား ဆိုင်ကယ် ၁ စီးနှင့် ADV အမျိုးအစား ဆိုင်ကယ် ၁ စီး၊ ပေါင်း ၂ စီးတို့အား ဇွန်လ ၄ ရက်နေ့ နံနက် ၆ နာရီအချိန်ခန့်က ခိုးယူခံခဲ့ရကြောင်း သိရှိရသည်။

အဆိုပါ သတင်းနှင့်ပတ်သက်၍ ပူးပေါင်းအဖွဲ့ ဖြင့် အခင်းဖြစ်နေအိမ်အား စစ်ဆေးဆောင်ရွက်ခဲ့ရာ အခင်းဖြစ်နေအိမ် CCTV မှတ်တမ်း နှင့် အိမ်နီးချင်း “ပြည့်စုံ”ဆေးခန်းမှ CCTV မှတ်တမ်းများ အရ ၎င်းဆိုင်ကယ် ၂ စီးအား အမျိုးသား ၃ ဦးမှ ယာဉ်အမှတ် 5E/9983 Probox အမျိုးအစား အဖြူရောင် မော်တော်ယာဉ်ဖြင့် ခိုးယူ သယ်ဆောင်သွားခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ အမှုအမှန်ဖော်ထုတ်နိုင်ရေးအတွက် ပူးပေါင်းအဖွဲ့သည် မြို့ပေါ်ရပ်ကွက်များနှင့် တည်းခိုခန်းများအား အဖွဲ့များခွဲ၍ လိုက်လံစုံစမ်းဆောင်ရွက်ခဲ့ရာ မြောင်းမြမြို့၊ မြကန်သာ ရပ်ကွက်ရှိ “ရွှေဝတီ” တည်းခိုခန်း၊ အခန်းအမှတ်(၂၀၁)တွင် ဇွန်လ ၂ ရက်နေ့ ၃ နာရီအချိန်ခန့်ထိ တည်းခိုနေထိုင်ခဲ့သော မင်းကိုဇော်၊ အသက် ၂၅ နှစ်၊ ကျဘမ်း၊ စံပယ်လမ်းသွယ်၊ လပွတ္တာ မြို့၊ ထွန်းထွန်းဝင်း၊ အသက် ၂၇ နှစ်၊ ဆိုင်ကယ်ရောင်းဝယ်၊ ကနစိုပင်စုကျေးရွာ၊ လပွတ္တာမြို့နယ်၊ သောင်းထက်ကျော်၊ အသက် ၂၄ နှစ်၊ ကျဘမ်း၊ ပိန္နဲကုန်းကျေးရွာ၊ လပွတ္တာမြို့ နေသူ ၃ ဦးတို့အား ယာဉ်အမှတ် 5E/9983 Probox အမျိုးအစား အဖြူရောင် မော်တော်ယာဉ် ၁ စီး နှင့်အတူ တည်းခိုနေထိုင်ခဲ့ကြောင်း CCTV မှတ်တမ်းများအရ သိရှိရသဖြင့် ၎င်းတို့ ၃ ဦး၏ နေရပ်လိပ်စာများအား သတင်းအချက်အလက်များပေးပို့၍ ချိတ်ဆက်ကူညီ စုံစမ်းဖမ်းဆီးပေးရန် သတင်းပေးပို့ခဲ့ပြီး လပွတ္တာမြို့သို့ သွားရောက်ဖမ်းဆီးခဲ့ကြောင်း၊ တရားခံ မင်းကိုဇော် နှင့် ထွန်းထွန်းဝင်း တို့ ၂ ဦးအား ခိုးယူသွားသည့် သက်သေခံ ဆိုင်ကယ် ၂ စီးနှင့် ပြစ်မှုကျူးလွန်ရာတွင် အသုံး ပြုသည့် မော်တော်ယာဉ် ၁ စီးတို့အား သိမ်းဆည်းရမိထားကြောင်း သိရှိရသဖြင့် ဇွန်လ ၅ ရက်နေ့ ၂ နာရီအချိန်ခန့်တွင် လွှဲပြောင်းလက်ခံရယူခဲ့ကြောင်း သိရှိရသည်။

ဖမ်းဆီးရမိသည့် တရားခံ ၂ ဦး၏ ထွက်ဆိုချက်အရ ကျန်တရားခံ သောင်းထက်ကျော် မှာ မြောင်းမြမြို့နယ်၊ မုဆိုးကွင်းကျေးရွာရှိ ၎င်း၏အစ်ကိုဖြစ်သူ ညီညီအောင် နေအိမ်သို့ သွား ရောက်မည် ဟု ပြောဆိုသဖြင့် ဆင်းကျန်ခဲ့ကြောင်း သိရှိရ၍ ပူးပေါင်းအဖွဲ့သည် မုဆိုးကွင်းကျေးရွာရှိ ညီညီအောင်၏ နေအိမ်သို့ သွားရောက်ရှာဖွေခဲ့ရာ ညီညီအောင်ဆိုသူမှ နေအိမ်သို့ ရောက်ရှိလာခြင်း မရှိကြောင်း သိရှိခဲ့ရသဖြင့် ၎င်းသွား လာတတ်သောနေရာများသို့ ဆက်လက်စုံစမ်းရှာဖွေလျက်ရှိကြောင်း သိရှိရသည်။

အမှုနှင့် ပတ်သက်၍ ဆိုင်ကယ်ပျောက်ဆုံးသူ ဦးမင်းရွှေ မှ ဇွန်လ ၅ ရက်နေ့ နံနက် ၁၀ နာရီ ၅ မိနစ်အချိန်ခန့်က မြို့မစခန်း (မြောင်းမြ)သို့လာရောက်တိုင်တန်းသဖြင့်(ပ)၉၈/၂၀၂၄၊ ရာဇသတ်ကြီးပုဒ်မ ၃၈၀(ဆိုင်ကယ်)ဖြင့် အမှုရေးဖွင့်ခဲ့ပြီး အမှုမှ တရားခံ ၂ ဦးအား ၁၀ နာရီ ၂၀ မိနစ်အချိန်ခန့်တွင် အမှုဖြင့်ဖမ်းဆီးပြီးခဲ့ပြီး အမှုမှ ထွက်ပြေးသွားသူ တရားခံ သောင်းထက်ကျော်အား ဖမ်းဆီးရမိရေးနှင့် ကွင်းဆက်အမှုများ ထပ်မံစုံစမ်းဖော်ထုတ်နိုင်ရေးအတွက် ပူးပေါင်းအဖွဲ့များဖြင့် စစ်ဆေးလျက်ရှိကြောင်း သိရှိရသည်။

Telegram>>…
https://t.me/positiveanglenews

PAN

#SZ