စဥ့်ကိုင်မြို့နယ်၊ ပလိပ်ကျေးရွာ၊ စျေးကွက်သစ်ရပ်နေ ရာအိမ်မှုးအား အကြမ်းဖက်သမားများက သတ်ဖြတ်


(ပြည်တွင်း) ဇွန် ၆

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့နယ်၊ ပလိပ်ကျေးရွာအုပ်စု၊ ဈေးကွက်သစ်ရပ်၌ ယမန်နေ့ နံနက် ၁၀ နာရီ ၂၅ မိနစ်အချိန်ခန့်က ရာအိမ်မှုး ၁ ဦး အသတ်ခံရကြောင်း သိရသည်။

အဆိုပါ ပစ်ခတ်သတ်ဖြတ်မှု့ကြောင့် ဦးအောင်ထွန်း(ခ)ထွန်းထွန်း၊ အသက် ၄၂ နှစ်၊ ရာအိမ်မှုး၊ ဈေးကွက်သစ်ရပ်ကွက်၊ ပလိပ်ကျေးရွာနေသူအား ဦးခေါင်းဝဲဘက် ပြတ်ရှဒဏ်ရာ၊ ဝဲ-ပါး ကျည်ဖောက်ဝင်ဒဏ်ရာ၊ ကျောပြင် ပြတ်ရှဒဏ်ရာ ၅ ချက်၊ ယာ-လက်ဖမိုး ပြတ်ရှဒဏ်ရာ၊ ဝဲဘက်နဖူး ပြတ်ရှဒဏ်ရာ၊ ဝဲဘက်နားထင် ပြတ်ရှဒဏ်ရာများဖြင့် လဲကျသေဆုံးနေကြောင်း သိရသည်။

ဖြစ်စဥ်မှာ သေဆုံးသူ ဦးအောင်ထွန်းမှာ ဆိုင်ကယ်ဝပ်ရှော့ပြင် ဆရာတစ်ဦးဖြစ်ပြီး ဟုန်ပန်းကွက်သစ်ရပ်ကွက်ရှိ ၎င်း၏ ဆိုင်ကယ်ဝပ်ရှော့မှ ပြင်ထားသည့် ဆိုင်ကယ်အား စက်စမ်းမောင်းရန် မောင်းနှင်လာစဉ် ဈေးကွက်သစ်ရပ်ကွက်၊ ဧက္ကရာဇ်တည်းခိုခန်းထောင့် အရောက်တွင် နောက်မှဆိုင်ကယ် ၂ စီးနှင့် အမည်မသိ အမျိုးသား ၄ ဦး လိုက်လာကာ သေနတ်အတိုဖြင့် ၂ ချက် ပစ်ခတ်ခဲ့ပြီး လဲကျသွားစဉ် ဓါးမြောင်ဖြင့် ၁၀ ချက်ခန့်ထိုးခဲ့ကြောင်း၊ ၎င်းနောက် ဦးအောင်ထွန်း၏ VIVO အမျိုးအစားဖုန်း ၁ လုံး၊ ငွေစက္ကူရောရာ ၈၀၀၀ဝ ကျပ်ခန့်တို့အား ယူဆောင်သွားပြီး ထွက်ပြေးသွားကြောင်း သိရှိရသည်။

Telegram>>…
https://t.me/positiveanglenews

PAN

SZ