ဂါဇာရှိ ကုလသမဂ္ဂစာသင်ကျောင်းအား အစ္စရေးမှ တိုက်ခိုက် ၃၀ နီးပါ သေဆုံး


(နိုင်ငံတကာ) ဇွန် ၆

ဂါဇာကမ်းမြောင် အလယ်ပိုင်းရှိ ရွှေ့ပြောင်းနေထိုင်သူများအနီးတွင် ဖွင့်လှစ်ထားသော ကုလသမဂ္ဂ၏ စာသင်ကျောင်းအား အစ္စရေးမှ လေကြောင်းတိုက်ခိုက်မှုကြောင့် လူ ၃၀ နီးပါးသေဆုံးခဲ့ကြောင်း သိရသည်။

Nuseirat ဒုက္ခသည်စခန်းရှိ ကျောင်းအပေါ်ဆုံးထပ် စာသင်ခန်းမျာအား အစ္စရေး လေတပ်မှ ယာဉ်တစ်စင်းက ဒုံးကျည်နှစ်စင်းဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် သေဆုံး ဒဏ်ရာရမှုများစွာရှိခဲ့ကြောင်း ဒေသတွင်း သတင်းဌာနများမှ ဖော်ပြထားသည်။

အစ္စရေးစစ်တပ်မှ အဆိုပါတိုက်ခိုက်မှုအား ငြင်းဆိုခဲ့ပြီး ၎င်းတို့လေတပ်အနေဖြင့် နူဆီရတ်ဒေသရှိ ကုလကျောင်းအတွင်း ရှိ ဟားမတ်စ်များကိုသာ တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

အစ္စရေးတိုက်ခိုက်မှုကြောင် ဂါဇာတွင်လူပေါင်း ၃၆၅၈၀ ဦးသေဆုံးခဲ့ကြောင်း ဟားမတ်စ်ကျန်းမျာရေးဝန်ကြီးဌာန၏အဆိုအရ သိရသည်။

Telegram>>…
https://t.me/positiveanglenews

PAN

AMK #SZ