ယူကရိန်းသို စစ်ရေးနည်းပြများ ပိုဆောင်မည့်အစီအစဉ်ကို ပြင်သစ် မကြာမီထုတ်ပြန်နိုင်ဖွယ်ရှိ


(နိုင်ငံတကာ) မေ ၃၁

ပြင်သစ်အစိုးရသည် ၎င်းတို့၏ စစ်ရေးနည်းပြများအား ယူကရိန်းနိုင်ငံသို့ ပို့ဆောင်မည့် အစီအစဉ်ကို မကြာမီ ထုတ်ပြန်ကြေညာနိုင်ကြောင်း နိုင်ငံတကာ သံတမန်အရင်းအမြစ်များက ပြောသည်။

ပြင်သစ်နိုင်ငံသည် အခြား မဟာမိတ်နိုင်ငံများ၏ စိုးရိမ်မကင်းဖြစ်မှုများနှင့် ရုရှားနိုင်ငံမှ ဝေဖန်မှုများရှိသော်လည်း စစ်ရေးနည်းပြများ အား ယူကရိန်းနိုင်ငံသို စေလွှတ်မည့်အစီအစဉ်အား လာမည့်ရက်သတ္တပတ်အတွင်း ယူကရိန်းသမ္မတ၏ ပြင်သစ် ခရီးစဉ်တွင် ထုတ်ပြန်နိုင်ကြောင်း သံတမန်အသိုက်အဝန်း က ပြောသည်။

ယူကရိန်းနိုင်ငံသို့ ထိုသို့သော အကူအညီများ ပေးအပ်ခြင်းသည် ရုရှားနှင့် လက်ရှိဖြစ်ပွားနေသည့်ပဋိပက္ခကို ပိုမိုဆိုးရွားစေနိုင်သည်ဟု ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံအချိုက စိုးရိမ်နေသော်လည်း ပြင်သစ်အစိုးရအနေဖြင့် ၎င်းတို၏ စစ်ရေးနည်းပြများအား ယူကရိန်းသို့ စေလွှတ်ခြင်းအားဖြင့် မဟာမိတ်နိုင်ငံများအား ဦးဆောင်ဦးရွက်ပြုနိုင်မည်ဟု မျှော်လင့်လျက်ရှိကြောင်း သံတမန်များ၏ ပြောကြားချက်အရ သိရသည်။

ပြင်သစ်အစိုးရအနေဖြင့် ယူကရိန်းသို့ ရာနှင့်ချီသော စစ်ရေးနည်းပြများကို မစေလွှတ်မီ ယူကရိန်းစစ်သည် များအား လေ့ကျင့်ပေးနိုင်ရေး အကဲဖြတ်မှုများ လုပ်ဆောင်ရန်အတွက် ပြင်သစ်စစ်သည်အနည်းငယ်ကို ဦးစွာ စေလွှတ်နိုင်ဖွယ်ရှိကြောင်း သိရသည်။

ပြင်သစ်စစ်ရေးနည်းပြများက ယူကရိန်းစစ်သည်များအား လေ့ကျင့်ပေးမည့် အစီအစဉ်တွင် မိုင်းရှင်းလင်းခြင်း၊ အနောက်နိုင်ငံများက ထောက်ပံ့ပေးအပ်ထားသည့် စစ်လေယာဉ်များအား ကျွမ်းကျင်စွာ မောင်းနှင်ပျံသန်းနိုင်သည့် နည်းပညာနှင့်စစ်လက်နက်ပစ္စည်းများကို ထိရောက်စွာထိန်းသိမ်း အသုံးပြုခြင်း စသည့်အစီအစဉ်များ ပါဝင်မည်ဖြစ်သည်။

ထို့ပြင် ပြင်သစ်နိုင်ငံသည် ယူကရိန်းယာဉ်တင်တပ်ဖွဲ့အတွက် ငွေကြေး၊ လက်နက်နှင့်လေ့ကျင့်သင်ကြားမှုများ ပေးအပ်မည်ဖြစ်ကြောင်း ST သတင်းဌာနဖော်ပြချက်အရ သိရသည်။

Telegram>>…
https://t.me/positiveanglenews

PAN

SZ