ပြည်ပမှတင်သွင်းသော ကုန်ပစ္စည်းများအား ခွင့်ပြုချက်မရရှိဘဲ ဆိပ်ကမ်း၊ လေဆိပ်များသို တင်သွင်းခြင်းမပြုရန် အသိပေး


မေ ၃၁

ပြည်ပမှတင်သွင်းသော ကုန်ပစ္စည်းများအား ခွင့်ပြုချက်မရရှိဘဲ ဆိပ်ကမ်း၊ လေဆိပ်များသို တင်သွင်းခြင်းမပြုရန် အသိပေး


မေ ၃၁

၂ဝ၂၄ ခုနှစ်၊ ဇူလိုင် ၁ ရက်မှစတင်ပြီး သွင်းကုန်လိုင်စင်/ပါမစ် ခွင့်ပြုချက်မရရှိသေးဘဲ ဆိပ်ကမ်း၊ လေဆိပ်များသို့ သွင်းကုန်များ ကြိုတင်ရောက်ရှိကြောင်း စိစစ်တွေ့ရှိရပါက ပိုကုန်/သွင်းကုန် ဥပဒေနှင့်အညီ အရေးယူသွားမယ်လို့ ၂၀၂၄ ခုနှစ်၊ မေလ ၃၀ ရက်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၏ ပို့ကုန်သွင်းကုန်နှင့် ပတ်သက်သော သတင်းလွှာ (၃/၂ဝ၂၄)ဖြင့် ထုတ်ပြန်ထားကြောင်း သိရပါတယ်။

အကောက်ခွန်ကုန်လှောင်ရုံအတွင်း ထည့်သွင်းခွင့်ပြုထားသည့် ကုန်ပစ္စည်းများမှအပ ကျန်ပြည်ပမှ တင်သွင်းသော ကုန်ပစ္စည်းများကို ခွင့်ပြုချက်မရရှိဘဲ ဆိပ်ကမ်း၊ လေဆိပ်များသို့ တင်သွင်းခြင်း မပြုလုပ်ရန်နှင့် ခွင့်ပြုချက် မရရှိဘဲရောက်ရှိပါက အဆိုပါတင်သွင်းသော ကုမ္ပဏီများကို ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူသွားမယ်လို့ ၂၀၂၀ ခုနှစ်၊ ဇူလိုင် ၈ ရက် တွင် အမိန့်ကြော်ငြာ စာအမှတ် (၅၀/၂၀၂၀)ဖြင့် ထုတ်ပြန်ထားရှိသော်လည်း သတ်မှတ်စည်းကမ်းများကို လိုက်နာဆောင်ရွက်မှုမရှိဘဲ ဆိပ်ကမ်း၊ လေဆိပ်များသို့ ခွင့်ပြုချက်မရရှိသော ကုန်ပစ္စည်းများကို ကြိုတင်ကာ တင်သွင်းဆောင်ရွက်လျက်ရှိနေတယ်လို့ ထုတ်ပြန်ချက်တွင်ပါရှိပါတယ်။

ပြည်တွင်း ကုန်ထုတ်လုပ်မှုလုပ်ငန်းများနှင့် ကျန်းမာရေးကဏ္ဍတို့အတွက် လိုအပ်သော အရေးကြီးကုန်ပစ္စည်းများကို အကောက်ခွန်ဦးစီးဌာန၏ လုပ်ထုံးလုပ်နည်းများနှင့်အညီ အကောက်ခွန် ကုန်လှောင်ရုံများတွင် ထည့်သွင်း ခွင့်ပြုထားပြီးဖြစ်ပါတယ်။

ဒါကြောင့် ထုတ်ပြန်ထားသော ဥပဒေနှင့်စည်းကမ်းများကို အလေးအနက်ထား လိုက်နာစေရန်ရည်ရွယ်ကာ သွင်းကုန်လိုင်စင်/ပါမစ် ခွင့်ပြုချက် တစ်စုံတစ်ရာမရရှိဘဲ ကုန်ပစ္စည်းများ ဆိပ်ကမ်းနှင့် လေဆိပ်များသို တင်သွင်းရောက်ရှိမှု မရှိစေရေးအတွက် ထုတ်ပြန်ထားကြောင်းသိရပါတယ်။

Telegram>>…
https://t.me/positiveanglenews

PAN

SZ