တရုတ် – အမေရိကန် ကာကွယ်ရေးဝန်ကြီးများတွေ့ဆုံ


(နိုင်ငံတကာ) မေ ၃၁

တရုတ် – အမေရိကန် ကာကွယ်ရေးဝန်ကြီးများတွေ့ဆုံ


(နိုင်ငံတကာ) မေ ၃၁

တရုတ်နှင့် အမေရိကန် ကာကွယ်ရေးဝန်ကြီးများ ယနေ့ မေလ ၃၁ ရက်နေ့ သောကြာနေ့တွင် တွေ့ဆုံခဲ့ကြောင်းသိရသည်။

၂၀၂၂ ခုနှစ်နောက်ပိုင်း ပထမဦးဆုံးအကြိမ် အဖြစ် စင်ကာပူနိုင်ငံတွင်ကျင်းပနေသည့် ရှန်းဂရီးလားအဆင့်မြင့် ကာကွယ်ရေးဆိုင်ရာအစည်းအဝေးတွင် ပြန်လည်တွေ့ဆုံခြင်းဖြစ်ပြီး ထိုင်ဝမ်အရေးနှင့် ပတ်သက် မျက်နှာခြင်းဆိုင် ဆွေးနွေးခြင်း၊ နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်ကြား ဆက်ဆံရေး အခြေအနေများထည့်သွင်းဆွေးနွေးခဲ့သည်။

မကြာသေးမှီက ထိုင်ဝမ်ရွေူကောက်ပွဲ အနိုင်ရရှိသူ လိုင်ချန်းတီ၏ တရုတ်နိုင်ငံအား သတိပေးပြောဆိုမှုများအပြီး တရုတ်စစ်တပ်က ထိုင်ဝမ်ကျွန်းအနီး ကြီးမားသည့် စစ်ရေးလေ့ကျင့်မှုများ လုပ်ဆောင်ခဲ့သည်။

အမေရိကန် ကာကွယ်ရေးဝန်ကြီးမှ တရုတ်၏ စစ်ရေးလေ့ကျင့်မှုများနှင့် ပတ်သက်၍ စိုးရိမ်ကြောင်း ပြောဆိုခဲ့သော်လည်း တရုတ်က အမေရိကန်အနေဖြင့် ထိုင်ဝမ်နှင့်တရုတ်နိုင်ငံ၏ အရေးတွင် ဝင်ရောက်စွက်ဖက်ခြင်း မပြုသင့်ကြောင်း ပြောဆိုခဲ့သည်။

သို့သော်လည်း နှစ်နိုင်ငံ၏ စစ်ဘက်ဆိုင်ရာ ဆက်ဆံရေးအား ပွင့်လင်းမြင်သာစွာ ထားရှိရန် ထည့်သွင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

Telegram>>…
https://t.me/positiveanglenews

PAN

AMK #SZ