ဆေးဝါး ၁၄ မျိုးကို သုံးစွဲရန်မသင့်ကြောင်း ထုတ်ပြန်


(ကျန်းမာရေး) မေ ၃၁

အရည်အသွေး၊ အာနိသင်၊ ဘေးအန္တရာယ်အာမခံချက်မရှိတဲ့ ဆေးဝါးမှတ်ပုံတင်မရှိတဲ့ ဆေးဝါး ၁၄ မျိုးကို ဈေးကွက်အတွင်း ရောင်းချနေတာကိုတွေ့ရှိရတာကြောင့် အများပြည်သူတွေ သတိပြုဖို့နဲ့ သုံးစွဲမှုရှောင်ရှားဖို့ အတွက် မှတ်ပုံတင်ရှိတဲ့ဆေးဝါးနဲ့ တရားမဝင်ဆေးဝါးတွေကို ဓာတ်ပုံတွေနဲ့တကွ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနက အသိပေးထုတ်ပြန်ထားပါတယ်။

အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှုဦးစီးဌာနဟာ ဈေးကွက်အတွင်းရှိ ဆေးဝါးတွေကို ပုံမှန်စစ်ဆေး နေရာမှာ အခုလိုတွေ့ရှိရတာဖြစ်တယ်လို့ဆိုပါတယ်။

အသိပေးထုတ်ပြန်ထားတဲ့ ဆေးဝါး ၁၄ မျိုးရဲ့ ဓာတ်ပုံတွေထဲမှာ တရားဝင်တင်သွင်းထားတဲ့ ဆေးဘူးနဲ့ ဆေးကဒ်တွေမှာ မြန်မာနိုင်ငံဆေးဝါးမှတ်ပုံတင်အမှတ်တွေ ဖော်ပြပါရှိပြီး စာသားတွေမှာလည်း အင်္ဂလိပ် ဘာသာတွေနဲ့ ဖော်ပြထားတယ်လို့ဆိုပါတယ်။

တရားမဝင် တင်သွင်းထားတဲ့ ဆေးဘူးနဲ့ ဆေးကဒ်တွေမှာတော့ မြန်မာနိုင်ငံ ဆေးဝါးမှတ်ပုံတင်အမှတ်တွေ မပါရှိသလို စာသားတွေမှာလည်း တူကီယဲဘာသာ တွေနဲ့ ဖော်ပြထားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Telegram>>…
https://t.me/positiveanglenews

PAN

SZ