မွန်ပြည်နယ်အတွင်းက မြို့နယ်(၇)ခုမှာ လေပြင်းဘေးနှင့် မိုးကြိုးဘေး အန္တရာယ်ဆိုင်ရာ အသိပညာမှုတွေပြုလုပ်


(မိုးလေဝသ) မေ ၃၀

လေပြင်းဘေးနှင့် မိုးကြိုးဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆောင်ရန်၊ ရှောင်ရန် အချက်များအားလိုက်လံနှိုးဆော်ခြင်းကို မေလ ၂၉ ရက် မွန်းလွဲပိုင်းက မော်လမြိုင်မြို့နယ်၊ မရမ်းကုန်း ရပ်ကွက်နှင့် မန္တလေးရပ်ကွက်တို့တွင် အသိပညာပေး နှိုးဆော်ခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ ဦးဆောင်၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ယခုကာလသည် လေပြင်းဘေးအဖြစ်များသော ကာလဖြစ်သည့်အတွက် လေပြင်းဘေးအန္တရာယ်နှင့် စပ်လျဉ်း၍ ဆောင်ရန်/ ရှောင်ရန် အချက်များ၊ မိုးကြိုကာလဖြစ်သည့် ဧပြီလနှင့် မေလ၊ မိုးနှောင်းကာလ ဖြစ်သည့် အောက်တိုဘာလနှင့် နိုဝင်ဘာလများတွင် မိုးကြိုးပစ်ခြင်း အများဆုံးဖြစ်ပွားလေ့ရှိသောကြောင့် မိုးကြိုးဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်/ရှောင်ရန် အချက်များကို သက်ဆိုင်ရာ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ရုံးများအလိုက် သက်ဆိုင်ရာဒေသများအတွင်း လိုက်လံလှည့်လည်၍ အသံချဲ့စက်ဖြင့် ကြေညာ နှိုးဆော်ခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေနှိုးဆော်နေခြင်းဖြစ်ကြောင်း သိရသည်။

ယခုနှစ်၊ မေလအတွင်း ခရိုင်/ မြို့နယ်ဦးစီးမှူးရုံးတို့မှ အရာထမ်း၊ အမှုထမ်းများသည် မွန်ပြည်နယ်အတွင်း မြို့နယ်(၇)ခုမှ ရပ်ကွက်/ ကျေးရွာ(၁၂၀)တို့ရှိ ပြည်သူများအား လေပြင်းဘေးနှင့် မိုးကြိုးဘေး အန္တရာယ်ဆိုင်ရာ အသိပညာပေးဆောင်ရန်၊ ရှောင်ရန် အချက်များအား လိုက်လံနှိုးဆော်ခြင်းများနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ကို အကြိမ်(၆၀)ဆောင်ရွက်ခဲ့ပြီး ဖြစ်ကြောင်း မွန်ပြည်နယ်၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ သိရှိရသည်။

Telegram>>…
https://t.me/positiveanglenews

PAN

AMT #SZ