မြောင်းမြမြို့နယ်၊ မြစိမ်းရောင်တောင်သာသနာ့နယ်မြေတွင် ၂၀၂၄ ခုနှစ် မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲ ကျင်းပ


(စိုက်ပျိုးရေး) မေ ၃၀

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ သစ်တောဦးစီးဌာန၏ ၂၀၂၄ ခုနှစ် မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီအချိန်ခန့်တွင် မြစိမ်းရောင် သာသနာ့နယ်မြေ၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစန်းဌေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌဦးနော်မိုင်လှကြည် နှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်း များ ၊ လူမှုရေးအသင်းအဖွဲ့များ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဝင်များ၊ ဒေသခံပြည်သူများမှ စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရှိရသည်။

၂၀၂၄ ခုနှစ် မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစန်းဌေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးနော်မိုင်လှကြည်နှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ အမျိုးသမီးရေးရာအဖွဲ့၊မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့တို့အား ပျိုးပင်များပေးအပ်ခဲ့ပြီး မိုးရာသီအကြို စုပေါင်းသစ်ပင် စိုက်ပျိုးပွဲသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစန်းဌေးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးနော်မိုင်လှကြည်နှင့် အဖွဲ့ဝင်များ၊ သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်အောင်ဌေး နှင့် ဝန်ထမ်းများ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ နှင့်ဒေသခံ ပြည်သူများစုပေါင်း၍ လူ ၂၅၀ ဦးခန့်တက်ရောက်ခဲ့ကြပြီး မန်ဂျန်ရှား (၆၀၀)ပင်၊ မဟော်ဂနီ (၁၄၀ )ပင်၊ ကျွန်း (၁၀၀)ပင်၊ မျောက်ငို(၂၀၀)ပင်စုစုပေါင်း ပျိုးပင်ပေါင်း (၁၀၄၀) ပင်ကို တပျော်တပါး စုပေါင်းစိုက်ပျိုးခဲ့ကြပါကြောင်း သိရှိရသည်။

Telegram>>…
https://t.me/positiveanglenews

PAN

AMT #SZ