မြောက်ကိုရီးယားက တာတိုပစ် ဒုံးကျည်များ ထပ်မံပစ်လွှတ်


(နိုင်ငံတကာ) မေ ၃၀

မြောက်ကိုရီးယားစစ်တပ်မှ တာတိုပစ် ဒုံးကျည်များ ထပ်မံပစ်လွှတ်လိုက်ကြောင်း တောင်ကိုရီးယား စစ်ဘက်ခေါင်းဆောင်များကဆိုသည်။

မြောက်ကိုရီးယားသည် တာတိုပစ် ဒုံးကျည် ၁၀ စင်းထက်မနည်း အရှေ့ဘက် ကမ်းရိုးတန်းရေပြင်ပေါ်သို့ မေလ ၃၀ ရက်နေ့ နံနက်ပိုင်းက ပစ်ခတ်ခဲ့သည်။

တောင်ကိုရီးယားစစ်ဘက် အရာရှိတစ်ဦးမှ မြောက်ကိုရီးယားသည် နိုင်ငံတကာပိတ်ဆို့မှုများကို ချိုးဖောက်ကာ ၎င်းတို့၏ စစ်လက်နက်ပစ္စည်းများကို ဆက်လက်တီထွင်နေဆဲ ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

အဆိုပါ ဒုံးကျည်များသည် ကီလိုမီတာ ၃၅၀ (၂၁၇) အထိ ရောက်ရှိခဲ့ပြီးနောက် ပင်လယ်အတွင်းသို့ ကျရောက်ခဲ့ကြောင်း သိရသည်။

တောင်ကိုရီးယား ကျောထောက်နောက်ခံမဟာမိတ်ဖြစ်သည့် အမေရိကန်၏ အင်ဒို ပစိဖိတ် စစ်ဌာနချုပ်မှ မြောက်ကိုရီးယား၏ ဒုံးကျည်ပစ်လွှတ်မှုကို ရှုံ့ချခဲ့ပြီး ယခုကဲ့သို့ လုပ်ရပ်များကို ရှောင်ကျဉ်ရန် တိုက်တွန်းခဲ့သည်။

Telegram>>…
https://t.me/positiveanglenews

PAN

AMK #SZ