ပြင်သစ်အိုးပင်းရဲ့ ဒုတိယအဆင့်ကို တက်ရောက်ခဲ့တဲ့ ဂျိုကိုဗစ်


(အားကစား)မေ ၃၀

ပြင်သစ်အိုးပင်းရဲ့ ဒုတိယအဆင့်ကို တက်ရောက်ခဲ့တဲ့ ဂျိုကိုဗစ်


(အားကစား)မေ ၃၀

ပြင်သစ်အိုးပင်းလက်ရှိချန်ပီယံ ဆားဘီးယားနိုင်ငံသား ဂျိုကိုဗစ် ဟာ အခုနှစ်ပြိုင်ပွဲမှာ ဒုတိယအဆင့်ကို တက်သွားခဲ့ပါတယ်။ အခုနှစ်ပြိုင်ပွဲမှာလည်း ဆီဒင်အဆင့် (၁) ရထားတဲ့ ဂျိုကိုဗစ် ဟာ ပထမအဆင့်မှာ ပြင်သစ်နိုင်ငံသား ဟာဘက်နဲ့ ရင်ဆိုင်ခဲ့ရတာပါ။

လက်ရည်စစ်ပွဲကနေ ပထမအဆင့်ကို ရောက်လာတဲ့ ဟာဘက်အနေနဲ့ ဂျိုကိုဗစ် ကို အကောင်းဆုံးကြိုးစားပြီး ယှဉ်ပြိုင်သွားခဲ့ပေမယ့် လက်စွမ်းချင်းကွာဟလွန်းတာကြောင့် နောက်ကနေ လိုက်ကစားခဲ့ရတာဖြစ်ပါတယ်။

ဒါကြောင့်လည်း ပွဲအပြီးမှာ ဂျိုကိုဗစ် က ၆း၄၊ ၇း၆၊ ၆း၄ ဆိုတဲ့ရလဒ်နဲ့ အနိုင်ရခဲ့ပြီး ဒုတိယအဆင့်ကို တက်ရောက်ခွင့်ရသွားခဲ့တာဖြစ်ပါတယ်။ ဂျိုကိုဗစ် အတွက်တော့ အခုနိုင်ပွဲက သူ့ရဲ့ ကစားသမားဘဝ ဂရမ်းစလမ် ပြိုင်ပွဲရဲ့ ပထမအဆင့်မှာ ၇၂ ပွဲမြောက် နိုင်ပွဲလည်း ဖြစ်ခဲ့ပါတယ်။

ပြင်သစ်အိုးပင်း ပြိုင်ပွဲမှာ ချန်ပီယံဆုကို ၃ ကြိမ်ရရှိ ထားတဲ့ ဂျိုကိုဗစ်ဟာ ဒုတိယအဆင့်မှာတော့ စပိန်နိုင်ငံသား ကာဘယ်လာ ဘေနာနဲ့ ဆက်လက်ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ဂျိုကိုဗစ်ကတော့ အခုနှစ် ပြင်သစ်အိုးပင်းပြိုင်ပွဲမှာ ချန်ပီယံဆုကို ကာကွယ်နိုင်ဖို အကောင်းဆုံး ကြိုးစားသွားမယ်လို ပြောကြားထားပါတယ်။

Telegram>>…
https://t.me/positiveanglenews

PAN

SZ