နယ်သာလန်တွင် လည်ပတ်နေသည့် အင်ဂျင်ပေါ်သို့ လူတစ်ဦး ပြုတ်ကျသေဆုံး


(နိုင်ငံတကာ) မေ ၃၀

နယ်သာလန်နိုင်ငံ၊ အမ်စတာဒမ်မြို့ရှိ Schiphol လေဆိပ်တွင် လည်ပတ်နေသည့် ဂျက်လေယာဉ် အင်ဂျင်ပေါ်သို့ လူတစ်ဦး ပြုတ်ကျသေဆုံးခဲ့ကြောင်းသိရသည်။

KML Royal Dutch လေကြောင်းလိုင်းပိုင် KL 1341 လေယာဉ်သည် ဒိန်းမတ်နိုင်ငံ ဘီလ်ခန်းသို့ ထွက်ခွာမည့် လေယာဉ်ဖြစ်ပြီး လေယာဉ်မထွက်ခွာမှီ ယခုဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်းသိရသည်။

KML Royal Dutch လေကြောင်းလိုင်းတာဝန်ရှိသူများမှ မတော်တဆမှုနှင့်ပတ်သက်ပြီး ထုတ်ပြန်ချက်တစ်ခု ထုတ်ပြန်ခဲ့ပြီး အဆိုပါထုတ်ပြန်ချက်တွင် စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း သေဆုံးသူနှင့်ပတ်သက်၍ မိသားစုနှင့်ထပ်တူဝမ်းနည်းကြောင်း ဖော်ပြထားသည်။

Schiphol လေဆိပ်သည် လစဉ် ခရီးသွား ၅ သန်းကျော် ဝင်ရောက်သည့် နယ်သာလန်နိုင်ငံ၏ အဓိက လေဆိပ်ကြီးဖြစ်သော်လည်း ယခုကဲ့သို့ မတော်တဆမှုဖြစ်စဉ်များ ဖြစ်ပွားလေ့ မရှိကြောင်း ကိန်းဂဏန်း ဖော်ပြချက်များအရ သိရသည်။

Telegram>>…
https://t.me/positiveanglenews

PAN

AMK #SZ