ဆေးဝါးမှတ်ပုံတင်မရှိသော CORALAN ဆေးအပါအဝင် အခြားဆေးဝါးများကို သုံးစွဲခြင်းမပြုရန် FDA မှ ထုတ်ပြန်


(ကျန်းမာရေး)မေ ၃၀

ဆေးဝါးမှတ်ပုံတင်မရှိသော CORALAN ဆေးအပါအဝင် အခြားဆေးဝါးများကို သုံးစွဲခြင်းမပြုရန် FDA မှ ထုတ်ပြန်


(ကျန်းမာရေး)မေ ၃၀

ဆေးဝါးမှတ်ပုံတင်ထားခြင်းမရှိသော CORALAN ဆေးအပါအဝင် အခြားဆေးဝါးများကို ဈေးကွက်အတွင်း ရောင်းချမှုများရှိနေခြင်းကြောင့် သုံးစွဲခြင်းမပြုရန် FDA(Myanmar)မှ မေလ ၂၇ ရက်တွင် အသိပေးထုတ်ပြန်ထား ကြောင်းသိရပါတယ်။

အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဈေးကွက်အတွင်းရှိ ဆေးဝါးများကို ပုံမှန်စစ်ဆေးလျက် ရှိရာ အရည်အသွေး၊ အာနိသင်၊ ဘေးအန္တရာယ်အာမခံချက်မရှိတဲ့ ဆေးဝါးမှတ်ပုံ တင်မရှိသော ဆေးဝါးများကို ဈေးကွက်အတွင်း ရောင်းချနေခြင်းအားတွေ့ရှိခဲ့ရခြင်းကြောင့် အများပြည်သူများ သိရှိသတိပြုနိုင်ရန်နှင့် သုံးစွဲခြင်းမှ ရှောင်ကြဉ်နိုင်ရန်အတွက် မှတ်ပုံတင်ထားရှိ သောဆေးဝါးနှင့် တရားမဝင်ဆေးဝါး၏ ဓာတ်ပုံများကို FDA က နှိင်းယှဉ် ကာ အသိပေးထုတ်ပြန်ထားပါတယ်။

သုံးစွဲရန်မသင့်သော ဆေးဝါးများမှာ CORALAN၊ COVERAM၊ COVERSYL၊ daflon၊ DIAMICRON MR၊ VASTAREL OD နှင့် VASTAREL MR အမှတ်တံဆိပ်များဖြစ်ပါတယ်။ အဆိုပါ တရားမဝင် တင်သွင်းထားသော ဆေးဝါး များတွင် မြန်မာနိုင်ငံဆေးဝါးမှတ်ပုံတင်အမှတ် မပါရှိသည့်အပြင် စာသားများမှာ တူရကီဘာသာများဖြင့် ဖော်ပြထား ကာ တရားဝင်တင်သွင်းထားသော ဆေးဝါးများတွင် မြန်မာနိုင်ငံ ဆေးဝါးမှတ်ပုံတင်အမှတ်အသားပါရှိပြီး စာသားများ မှာ အင်္ဂလိပ်ဘာသာများဖြင့် ဖော်ပြထားတယ်လို့ သိရပါတယ်။

Telegram>>…
https://t.me/positiveanglenews

PAN

SZ