MNDAA နှင့် TNLA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များ၏ အဓမ္မဖမ်းဆီးခြင်းခံရပြီး အကြမ်းဖက်သင်တန်းတက်ရောက်လိုခြင်း မရှိဘဲ ထွက်ပြေးလွတ် မြောက်လာသည့် ဒေသခံတိုင်းရင်းသားလူငယ်များအား ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းပေးအပ်


(ပြည်တွင်း) မေ ၂၈

MNDAA နှင့် TNLA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များ၏ အဓမ္မဖမ်းဆီးခြင်းခံရပြီး အကြမ်းဖက်သင်တန်းတက်ရောက်လိုခြင်း မရှိဘဲ ထွက်ပြေးလွတ် မြောက်လာသည့် ဒေသခံတိုင်းရင်းသားလူငယ်များအား ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းပေးအပ်


(ပြည်တွင်း) မေ ၂၈

MNDAA နှင့် TNLA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များသည် ဒေသခံ တိုင်းရင်းသားလူငယ်များကို အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်ကာ အကြမ်းဖက် သင်တန်းများ တက်ရောက်စေပြီး အဓမ္မတာဝန် ထမ်းဆောင်စေခြင်းကြောင့် သောင်းကျန်းသူအဖွဲ့များတွင် တာဝန်ထမ်းဆောင်လိုခြင်း မရှိသော တိုင်းရင်းသား လူငယ်များ ထွက်ပြေးတိမ်းရှောင်လျက်ရှိပြီး နီးစပ်ရာ တပ်မတော်လုံခြုံရေးတပ်စခန်းများ၊ ဌာနဆိုင်ရာအဖွဲ့အစည်းများထံသို့ ပြန်လည်ဝင်ရောက် လျက်ရှိကြောင်း သိရှိရသည်။

ထိုသို့ MNDAA နှင့် TNLA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များ၏ ဖမ်းဆီးခြင်းခံရပြီး အကြမ်းဖက်သင်တန်းတက်ရောက် လိုခြင်းမရှိသဖြင့် ထွက်ပြေး လွတ်မြောက်လာသည့် ဒေသခံတိုင်းရင်းသား လူငယ်များအား ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းပေးအပ်ခြင်းကို ယနေ့မွန်းလွဲပိုင်းတွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၊ တိုင်းခန်းမ၌ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် စိုးတင့်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိ၊ မြို့ဖများ၊ ထွက်ပြေးလွတ်မြောက် လာသည့် ဒေသခံတိုင်းရင်းသားလူငယ်များနှင့် မိဘအုပ်ထိန်းသူများ တက်ရောက်ကြကြောင်း သိရှိရသည်။

ဦးစွာ တိုင်းမှူးက အမှာစကားပြောကြားပြီး ထို့နောက် တာဝန်ရှိသူများက ထွက်ပြေးလွတ်မြောက်လာသည့် ဒေသခံတိုင်းရင်းသားလူငယ်များအတွက် ထောက်ပံ့ ချီးမြှင့်ငွေများနှင့် စားသောက်ဖွယ်ရာများ ပေးအပ်ရာ တိုင်းရင်းသား လူငယ်များက လက်ခံရယူကြကြောင်း၊ ယင်းနောက် ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံ ပြန်လည်အပ်နှံပေးခဲ့ရာ မိဘအုပ်ထိန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း၊ ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက ဒေသခံတိုင်းရင်းသား လူငယ်များအား ရင်းရင်းနှီးနှီး တွေ့ဆုံအားပေး စကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

Telegram>>…
https://t.me/positiveanglenews

PAN

SZ