KIAကဘယ်သူ့တပည့်လဲ ၊KIA ကို ဘယ်လို နှိမ်နင်းကြမလဲ

(အောင်နိုင်သူ – ဇွဲကပင်)

တရုတ် – မြန်မာနယ်စပ်ကို အမှီပြုပြီးတော့ နှစ်နိုင်ငံအကျိုးစီးပွားကို ဖျက်ဆီးနေတဲ့ KIA/KIO နဲ့ ပတ်သက် ပြီး KIA ကို ဘယ်နိုင်ငံ ဘယ်အဖွဲ့က ထောက်ပံ့ပေးထားသလဲ ၊ ဘယ်နိုင်ငံ ဘယ်အဖွဲ့ရဲ့ တပည့်လဲ၊ ဘယ်နိုင်ငံနဲ့ ပိုပြီးနီးစပ်သလဲ ဆိုတဲ့ မေးခွန်းတွေ အခုတလောလိုင်းပေါ်မှာ ပလူပျံနေတာ တွေ့နေရတယ် ။ သို့လော သို့လောနဲ့ အချို့ကလည်း KIA ဟာ အိမ်နီးချင်းတရုတ်နဲ့ နယ်မြေနီးကပ်ထိစပ်နေလို့ တရုတ်နဲ့ ပိုပြီးရင်းနှီးတဲ့ဆက်ဆံရေးရှိတယ် ထင်မြင်ယူဆကြသူတွေ ရှိပါတယ်။ ဒါကြောင့် KIA ဟာ ဘယ်သူ့တပည့် လဲ ၊ ဘယ်သူနဲ့ ပိုပြီး နီးကပ်သလဲ ဆန်းစစ်ကြည့်ကြစို့။

KIA ကို အခုလို ပြန်ဆန်းစစ်တဲ့အခါ
လွန်ခဲ့တဲ့ ၅ နှစ်လောက်က ရှမ်းမြောက်မှာ စာရေးသူ စစ်ဆင်ရေးတာဝန်ထမ်းဆောင်နေစဥ် နေပြည်တော် က ဗိုလ်ချုပ်တစ်ယောက် KIA နယ်မြေထဲ အထိသွားပြီး ကိုဗစ်ကာကွယ်ဆေး သွားလှူခဲ့တာကို သတိရ မိတယ်။ တိုက်တိုက်ဆိုင်ဆိုင်ဆိုသလိုပါပဲ ၊ နိုင်ငံရေးအပြောင်းလဲဖြစ်တော့ နေပြည်တော်ကခေါ်လို့သွား ရတဲ့အခါ အဲဒီ ဗိုလ်ချုပ်နဲ့တွေ့ပြီး သူ့ရဲ့တိုက်ရိုက်ညွှန်ကြားမှု အောက်မှာအလုပ်လုပ်ခွင့်ရခဲ့တယ်။ သူက အဲဒီတုန်းက KIA ကို ကိုဗစ်ကာကွယ်ဆေး သွားလှူရင်း ဂွမ်မော်က အစိုးရနဲ့ တပ်မတော်ဟာ သူတို့ KIO/ KIA ကို တရုတ်ယိမ်း၊ တရုတ် ကျောထောက်နောက်ခံပြုတယ်လို့ ထင်နေကြသတဲ့။ တကယ်တော့ သူတို့ ဟာ တရုတ်ယိမ်းမဟုတ်ဘဲ အမေရိကန်နဲ့အနောက်အုပ်စုကိုယိမ်းတဲ့ အမေရိကန်ကျောထောက် နောက်ခံ ရှိတဲ့အဖွဲ့ဖြစ်တယ်လို့ ပြောကြောင်း စာရေးသူ ကိုထပ်ဆင့်ပြောပြပါတယ်။

ဒီမတိုင်ခင် ၂၀၁၄ ခုနှစ် ဧပြီလမှာ ဂွမ်မော်တစ်ယောက် အမေရိကန်ကိုသွားပြီး US လက်ထောက် နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ပါသေးတယ်။ အမေရိကန်က ဒုတိယကမ္ဘာစစ်အတွင်းက ကချင်တပ်သားတွေ US စစ်သားတွေကို ကူညီကယ်ဆယ်ခဲ့ဘူးကြောင်း သမိုင်းကိုထုတ်ပြောခဲ့ပြီး KIA နဲ့ ဆက်ဆံရေးကောင်း မွန်ကြောင်းကို ပြသခဲ့ကြပါတယ် ။
ကြားမှာလည်း KIO/KIA နဲ့ အမေရိကန်တို့ရဲ့ တွေ့ဆုံဆက်ဆံမှုတွေကို လူသိရှင်ကြားရော၊ တိတ်တ ဆိတ်ရော တွေ့ကြတဲ့သတင်းတွေကိုလည်း မကြာခဏတွေ့ရမှာ ဖြစ်တယ်။ တစ်ဖက်က စဥ်းစားကြည့် ပြန်ရင်လည်း တစ်ချိန်က နတ်ကိုးကွယ်ခဲ့တဲ့ ကချင်လူမျိုးတွေဟာ မင်းတုန်းမင်းခေတ်မှာ အင်္ဂလိပ်တွေ ကို ကချင်ဒေသမှာ သာသနာပြုခွင့်ပေးလိုက်ရာကနေ ကချင်လူမျိုးတွေဟာ ခရစ်ယာန်ဘာသာ ကိုးကွယ် ယုံကြည်သူတွေဖြစ်လာခဲ့တယ်။

အမေရိကန်နဲ့ အနောက်အုပ်စုဟာလည်း ခရစ်ယာန်ဘာသာကိုးကွယ်သူတွေဖြစ်လို့ လူမျိုး ဘာသာ သာသနာ တူညီမှုဟာလည်း ကာကွယ်စောင့်ရှောက်မှုကစလို့ ကောင်းမွန်တဲ့ဆက်ဆံရေး ထူထောင်တတ် ကြတာကအဆုံး တူရာစု လူမှုဓလေ့စရိုက်အရ အမေရိကန်နဲ့ KIA ဆက်ဆံရေး ကောင်းမွန်နေမှာကတော့ ငြင်းမရပါဘူး။ ၂၀၀၉-၂၀၁၀တုန်းက KIA နယ်မြေနဲ့ ဆက်စပ်နေတဲ့တရုတ်ထဲက တရုတ်နိုင်ငံသားတွေကို ကချင်နှစ်ချင်းခရစ်ယာန်အဖြစ် သိမ်းသွင်းရန်ကြိုးပမ်းမှုကြောင့် တရုတ်အာဏာပိုင်တွေနဲ့ KIA ပြဿနာ တက်ခဲ့ဖူးသလို AA ရခိုင်တွေကိုခရစ်ယာန် အဖြစ်အတင်းသွပ်သွင်းဖို့ လုပ်လာလို့ ၂၀၁၀ သင်္ကြန် ကာလ AA နဲ့ KIA တို့အကြား ပြဿနာတက် ရန်ဖြစ်ခဲ့ကြပါသေးတယ်။

သေချာတာကတော့ အနောက်အုပ်စုကကိုးကွယ်တဲ့ ခရစ်ယာန် ဘာသာကို KIA က အထွတ်အမြတ်ထား တာမို့ ဘာသာတူခြင်းကို စောင့်ရှောက်နေကြမှာကတော့အမှန်ပါ။ အများအားဖြင့် ဘာသာတူရင် လူမျိုး တူရင် ညီညွတ်ကြတယ်လေ။ ကမ္ဘာမှာ လူမျိုးတူ၊ ဘာသာတူပြီး အချင်းချင်းသတ်နေကြတာဆိုလို့ ဗမာ တွေပဲ ရှိတာကိုး ။ ထားပါတော့ ။ လိုရင်း ပျောက်မှာ စိုးလို့ KIA အကြောင်းပဲ ထပ်ဆက်ပါရစေ။

KIA ဟာ ပထဝီနိုင်ငံရေးအရ မြန်မာပြည်ပိုင်တရုတ်နိုင်ငံနားမှာနေရတဲ့ အဖွဲ့အစည်းတစ်ခုဆိုပေမဲ့ ပြည် ထောင်စုစိတ်ဓာတ်မရှိသလို တရုတ်ကိုလည်း အမေရိကန်နဲ့ကျားကစားတဲ့ဗျူဟာကို ကျင့်သုံးပါတယ်။ မြန်မာအပေါ် သစ္စာမရှိသလို တရုတ်ကိုလည်း သူ့အကျိုးစီးပွားအတွက် အဆင်ပြေသယောင်ဆက်ဆံပြီး အမေရိကန်အကျိုးစီးပွားကို အကောင်အထည်ဖော်ပေးနေရတဲ့ တစ်ခုတည်းသော EAO အဖွဲ့ တစ်ခုအဖြစ် ရပ်တည်နေတာ တွေ့ရတယ်။

တရုတ်ကလည်း KIA ကို ဆက်ဆံနေရတာဟာ သံယံဇာတအကျိုးစီးပွားအတွက် မဆက်ဆံလို့မရလို့ ဆက်ဆံနေရသလို KIA နဲ့ အမေရိကန် CIA အကြား ဆက်ဆံရေးကို ကောင်းကောင်း မသိသေးလို့ ဆက်ဆံ နေတဲ့ သဘောတွေ့ရပါတယ်။ တရုတ်ဟာ KIA ဆီက မြေရှားသတ္တုတွေ ဈေးပေါပေါနဲ့ရနေတယ်။ ကျောက်စိမ်းကြိုက်တဲ့ တရုတ်အတွက် ကချင်မြေဟာ လက်လွှတ်မရတဲ့ သံယံဇာတသိုက်ကြီးဖြစ်နေတယ်။ ကျောက်စိမ်းတင်မဟုတ်ဘဲ ပယင်း ကစလို့ သတ္တုတွေ ရွှေတွေကလည်း ကချင်နဲ့ စစ်ကိုင်းတိုင်းဒေသမှာထွက်တော့ တရုတ်ဟာ KIA ကတဆင့် သံယံဇာတ အကျိုးစီးပွားနဲ့ မြစ်ဆုံ အကျိုးစီးပွားတွေအရ KIA နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိမှ ရမယ်လို့ ယူဆထားပုံရတယ် ။

ကုန်သွယ်မှု စီးပွားအရ ကြည့်ပြန်ရင်လည်း ရှမ်းမြောက်ဒေသလောက်အရေးမပါသည့်တိုင် လွယ်ဂျယ် နယ်စပ်၊ ကမ်ပိုက်တီးနယ်စပ်တွေဟာ တရုတ်အတွက် အထိုက်အလျောက် အကျိုးဖြစ်ထွန်း နေတာမို့ CIA တပည့်ဖြစ်တဲ့ KIA ကိုမနှစ်မြို့ပေမယ့် ဆက်ဆံနေရတဲ့သဘောလည်း တွေ့ရပြန်ပါတယ်။ ဘယ်လိုပဲ ဖြစ်ပါစေ ၊ အပေါ်မှာရေးပြခဲ့တဲ့ သက်သေ အထောက်အထားတွေနဲ့ ဘာသာ တရား တူညီမှုတွေအရ KIA ဟာ တရုတ်တပည့်ဖြစ်တယ်ဆိုတာထက် အမေရိကန်တပည့် ဖြစ်တယ်ဆိုတာကတော့ ပိုပြီးခိုင်လုံတာကို တွေ့ရပါလိမ့်မယ်။

ဒါ့အပြင် KIA ဟာ တရုတ်နဲ့နီးကပ်တဲ့ ဆက်ဆံရေးရှိပုံမရပါဘူး။ ဘာသာအယူအဆ မတူရုံမကဘဲ အနောက်အုပ်စု ယိမ်းတဲ့ KIA ဟာ မြန်မာ့နိုင်ငံရေးအပြောင်းအလဲ ဖြစ်တော့ ဒီမိုကရေစီ ခေါင်းစဥ်အောက် က လစ်ဘရယ်အကြမ်းဖက်ဝါဒအစွန်းရောက်အဖွဲ့တွေဖြစ်တဲ့ NUG ၊ PDF အဖွဲ့တွေကို မွေးမြူလက်ခံခဲ့ ပါတယ်။ NUG ဟာလည်း ကချင်လူမျိုး ဒူဝါးလရှီလားကို ယာယီသမ္မတ ခန့်ခဲ့သလို ဂွမ်မော်ကိုပါ NUG/ PDF စစ်ဦးစီးချုပ်လုပ်ဖို့ ကမ်းလှမ်းခဲ့တယ်လို့ ဆိုပါတယ်။ ဂွမ်မော်က ဒီရာထူးကို လိမ္မာပါးနပ်စွာ ရှောင် တိမ်းရင်း PDF တွေ ကို စစ်ရေးအရ လေ့ကျင့်ပေးခြင်းနဲ့ စစ်ရေးအရ လိုအပ်သည်များ ထောက်ပံ့ပေးခြင်း တို့ကိုသာ လုပ်ဆောင်ပေးမယ်လို့ ကတိပြုခဲ့ကြောင်းသိရတယ် ။

NUG လားရာ PDF လားရာကို ပြန်ကြည့် NLD မှတဆင့် ပေါက်ဖွားလာသလို လက်ရှိ NUG ပြည်ပြေးများ ဟာလည်း အမေရိကန်၊ ထိုင်း၊ ဩစတြေးလျ၊ ဂျပန်၊ စင်္ကာပူတို့လိုနိုင်ငံတွေမှာ နေထိုင်းရင်း မြန်မာနိုင်ငံ ကို ဒုက္ခပေးလျက်ရှိပါတယ်။ ဒါကြောင့်NUG၊ PDF၊ KIO / KIA တို့ဟာ ပုလင်းတူ ဗူးဆို့တွေဖြစ်သလို အမေရိကန်နဲ့သဟဇာတဖြစ်တဲ့နိုင်ငံများမှာသာ ကျင်လည်ကျက်စားနေတာကိုကြည့်ရင် KIA ဟာ အမေရိ ကန်တပည့်အဖြစ် ထင်ထင်ရှားရှားတွေ့မြင်ရမှာ ဖြစ်ပါတယ်။

ဒါကြောင့် တရုတ် – မြန်မာ နယ်စပ်ကို အခြေတည်ပြီး အမေရိကန်တပည့် KIA ကို ယခုအတိုင်း ဆက်ထား ရတာ အန်မတန်အန္တရာယ်ကြီးလှပါတယ်။ ဒါကြောင့် KIA ဘယ်လို နှိမ်နင်းသင့်သလဲဆိုတဲ့အချက်က လည်း အလွန်အရေးကြီးပါတယ်။ တစ်ဖက်မှာလည်း KIA ကို တန်ပြန်နှိမ်နင်းတိုက်ခိုက်လျက်ရှိတဲ့နေရာမှာ ယခုရက်ပိုင်းအတွင်း KIA စစ် ဦးစီးချုပ် ခေါင်လွန်း သေဆုံးတာဟာ တပ်မတော်ဒရုန်းတွေရဲ့ တန်ပြန်တိုက်ခိုက်မှုကြောင့် သူနဲ့ သူ့အမိန့် ဂရုကြီးကို ထိမှန်ပြီး သေဆုံးခဲ့တာလို့ ဆိုပါတယ်။ သူနဲ့အတူ သူ့ရဲ့ထိပ်ပိုင်းခေါင်းဆောင်တစ်ချို့ပါ သေဆုံး ကုန်တယ်လို့သိရလို့ တိုင်းပြည်အတွက်ဝမ်းသာစရာသတင်း တစ်ပုဒ်ဖြစ်ခဲ့တယ်။

KIA စစ်ဦးစီးချုပ်ကို ထိခိုက်သေဆုံးသွားအောင်တိုက်နိုင်တဲ့ တပ်မတော်သားတွေကို အသိမှတ်ပြု ချီးကျူး ဂုဏ်ပြုပါတယ်။ တစ်ဖက်မှာလည်း KIA ကို ဆက်လက်ဦးချိုးဖို့ ဂွမ်မော်တို့ အန်ဘန်လတို့အုပ်စုကို ထိထိ ရောက်ရောက် တိုက်ခိုက်စေချင်ပါတယ်။ KIA တိုက်ခိုက်ရတာမခက်ခဲပါဘူး။ သူတို့ ခေါင်းဆောင်တွေကို များများကျဆုံးထိခိုက်အောင်လုပ်မယ်၊ KIA တပ်သားဂျိမ်ဖော အစစ်အမှန်တွေကို များများကျဆုံးအောင် တိုက်မယ်၊ KIA အကျိုးစီးပွားကို ဖော်ဆောင်ပေးနေတဲ့ အမာခံဂျိမ်ဖောရွာတွေကို စစ်နွံထဲနှစ်မယ်၊ လိုအပ် ပါက အဲဒီရွာတွေကို ရခိုင်မှာလို သွားလာမှုလမ်းကြောင်းတွေ ဖြတ်တောက်ပိတ်ဆို့ပြီး ဖြတ် ၄ ဖြတ် လုပ် ပစ်လိုက်ရင် KIA အလိုလို စစ်ဦးကျိုးသွားပါလိမ့်မယ်။

လက်ရှိ KIA က နယ်မြေသိမ်းစစ်ပွဲတွေဆင်နွှဲနေတယ် ဆိုတာ KIA က ခေါင်းဆောင်ပိုင်းသာ အနည်းငယ် ပါပြီး စစ်ကိုင်းတိုင်းသား ဗမာ PDF နဲ့ အညာသား PDF အားတွေနဲ့ တိုက်နေတာပါ။ KIA ဟာဘယ်တော့မှ ရှေ့တန်းကျကျ မတိုက်သလို အဲဒီလောက်လည်း သွေးမရှိပါဘူး။ သူတို့ ဂျိမ်ဖောကိုမှ လူလို့ထင်နေတဲ့ KIA ဟာ ဂျိမ်ဖော အကျိုးစီးပွားကို မထိခိုက်သရွေ့ လက်ရှိစစ်ပွဲကို ရပ်သွားဖို့ အစီအစဥ် မရှိပါဘူး။ ဒါကြောင့် အညှာကိုင်စေ ချင်တယ်။

Telegram>>…
https://t.me/positiveanglenews

PAN