ယူကရိန်းအနေဖြင့် နောက်အနှစ် ၃၀ ထိတိုင် NATO အဖွဲဝင်မဖြစ်လာနိုင်ဟု ဂျာမနီပြော


(နိုင်ငံတကာ) မေ ၂၈

ယူကရိန်းနိုင်ငံအနေဖြင့် နောက်ထပ်အနှစ် ၃၀ ကြာသည့်တိုင် NATO အဖွဲ့ဝင်မဖြစ်လာနိုင်ကြောင်း ဂျာမနီဝန်ကြီးချုပ် အိုလက်ရှော့ က ပြောသည်။

“ယူကရိန်းနိုင်ငံကို NATO တပ်ဖွဲ့ဝင်ဖြစ်လာစေမယ့် ဆုံးဖြတ်ချက်တွေက မကြာမီကာလအတွင်း ထွက်ပေါ် လာဖွယ်မရှိပါဘူး။ နောက်အနှစ် ၃၀ အထိလည်း မထွက်လာနိုင်ပါဘူး” ဟု အိုလက်ရှော့ က ဂျာမန်ပြည်သူများကို ပြောသည်။

ယူကရိန်းနိုင်ငံသည် ၂၀၂၂ ခုနှစ် ကတည်းက NATO အဖွဲဝင်နိုင်ငံဖြစ်လာစေရေး လျှောက်ထားပြီးနောက် အားတက်သရော ကြိုးပမ်းလာခြင်း ဖြစ်သည်။ ယူကရိန်းအနေဖြင့် NATO တပ်ဖွဲ့ဝင်ဖြစ်စေရေးကိစ္စက ပြေလည်သွားပြီဖြစ်ကြောင်း၊ သို့သော် ဆွေးနွေးမှုများလုပ်ရမည့် အချိန်အတိုင်းအတာနှင့် ပတ်သက်၍ ဆွေးနွေးနေဆဲဖြစ်ကြောင်း NATO စစ်ဘက်ရေးရာ ကော်မတီဥက္ကဋ္ဌ ရော့ဘားက မတ်လတွင်ပြောသည်။

NATO တပ်ဖွဲ့အနေဖြင့် ယူကရိန်းနိုင်ငံကို ၎င်းတို့၏အဖွဲ့အတွင်း ထည့်သွင်းကာ နယ်မြေချဲ့ထွင်လာမှုသည် ရုရှားနိုင်ငံ၏ အမျိုးသားလုံခြုံရေးကို တိုက်ရိုက်ခြိမ်းခြောက်နေကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က သတိပေးထားသည်။

Telegram>>…
https://t.me/positiveanglenews

PAN

SZ