မေလနောက်ဆုံးအပတ်မှာ မြန်မာနိုင်ငံတစ်ဝန်းသို အနောက်တောင်မုတ်သုံလေ စတင်ဝင်ရောက်လာနိုင်


(မိုး/ဇလ) မေ ၂၈

မေလနောက်ဆုံးအပတ်မှာ မြန်မာနိုင်ငံတစ်ဝန်းသို အနောက်တောင်မုတ်သုံလေ စတင်ဝင်ရောက်လာနိုင်


(မိုး/ဇလ) မေ ၂၈

လာမယ့် မေလ ၂၉ ရက်မှ ဇွန်လ ၃ ရက်အတွင်း အနောက်တောင်မုတ်သုံလေဟာ မြန်မာနိုင်ငံတစ်ဝန်းသို့ ဝင်ရောက်လာနိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ မေလ ၂၈ ရက် နံနက်ပိုင်းထုတ်ပြန်ချက် အရသိရပါတယ်။

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့မှာ လေဖိအားနည်းရပ်ဝန်း နှစ်ကြိမ်ဖြစ်ပေါ်နိုင်ပြီး၊ တစ်ကြိမ်မှာ ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိလာနိုင်တယ်လို့ သိရပါတယ်။

အနောက်တောင် မုတ်သုံလေဟာ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် အားအတင့်အသင့်မှ အားကောင်းနိုင်ပါတယ်။

ဒါ့အပြင် မိုးရွာသွန်းမှုအခြေအနေများအနေနဲ့ ရန်ကုန်တိုင်းဒေသကြီးအပါအဝင် အခြားပြည်နယ်နှင့် တိုင်းဒေသကြီးအချို့မှာ မိုးထစ်ချုန်းဆက်လက်ရွာသွန်းနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားပါတယ်။

Telegram>>…
https://t.me/positiveanglenews

PAN

SZ