(မိုး/ဇလ) မေ ၂၈
တဖြည်းဖြည်း အားလျော့လာတော့မည့် မုန်တိုင်း ရီမယ်လ်
(မိုး/ဇလ) မေ ၂၈
ဘင်္ဂလားပင်လယ်အော်အတွင်း ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း ရီမယ်(လ်)ဟာ နောက် ၁၅ နာရီ အတွင်း တဖြည်းဖြည်းအားလျော့သွားနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ထားပါ တယ်။
အဆိုပါ မုန်တိုင်းဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ခီပူပါရာမြို့နှင့် အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ် ကမ်းခြေ ဆာဂါကျွန်းတို့အကြား ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ မွန်ဂလမြို့အနီးကနေ ဆက်လက်ဖြတ်ကျော် နေကြောင်းလည်း မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနက ထုတ်ပြန်ထားချက်အရ သိရပါတယ်။
ဆိုင်ကလုန်းမုန်တိုင်း ရီမယ်(လ်)ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကုန်းတွင်းပိုင်းဒေသများကို ဆက်လက် ဖြတ်ကျော်ပြီးနောက် နောက်ထပ် ၁၅ နာရီအတွင်း မုန်တိုင်းငယ်အဖြစ် တဖြည်းဖြည်း အားလျော့ သွားနိုင်ပါတယ်။
လက်ရှိမှာ ဆိုင်ကလုန်း မုန်တိုင်းအရှိန်ကြောင့် နေပြည်တော်၊ ရန်ကုန်အပါအဝင် အခြားတိုင်းဒေသကြီးနဲ့ပြည်နယ်တွေမှာ နေရာစိပ်စိပ်ကနေ နေရာအနှံအပြား မိုးထစ်ချုန်းရွာပြီး ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့မှာ ဒေသအလိုက်နဲ့ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနဲ့ ကချင်ပြည်နယ်တွေမှာ နေရာကွက်ကာ မိုးကြီးနိုင်ပြီး လေပြင်းတိုက်ခတ်မှုများ ဖြစ်ပေါ်နိုင်ကြောင်း ထုတ်ပြန် ချက်အရ သိရတယ်။
Telegram>>…
https://t.me/positiveanglenews