အက်‌ဖ်အေဖလား ချန်ပီယံဖြစ်ခဲ့တဲ့ မန်ယူအသင်း


(အားကစား) မေ ၂၆

အက်‌ဖ်အေဖလား ချန်ပီယံဖြစ်ခဲ့တဲ့ မန်ယူအသင်း


(အားကစား) မေ ၂၆

မနေ့ညကကစားခဲ့တဲ့ အက်ဖ်အေဖလားဗိုလ်လု့ပွဲ ပွဲစဉ်မှာ မန်စီးတီးအသင်းနဲ့ မန်ယူအသင်းတို့ပွဲစဉ်မှာ မန်ယူအသင်းက မန်စီးတီးအသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

အခုပွဲစဉ်မှာ မန်စီးတီးအသင်းဟာ အကောင်းဆုံးပုံစံနဲ့အတူ ဖိအားပေးကစားနိုင်ခဲ့‌ပေမယ့် မန်ယူ အသင်း ကို ဦးဆောင်ဂိုး ဆက်တိုက်ခွင့်ပြုပေးခဲ့ရပါတယ်။

မန်ယူအသင်းအတွက် သွင်းဂိုးတွေကို ဂါနာချိုနဲ့ မိုင်နူး တို့က သွင်းယူပေးခဲ့ပါတယ်။ ပွဲအချိန်အတွင်းမှာ မန်စီးတီးအသင်းက မန်ယူအသင်းကို ဆက်တိုက် ဖိအားပေး ကစားထား နိုင်ခဲ့ပြီး ဒုတိယပိုင်း မိနစ် ၈၇ မိနစ်မှာ ဒိုကူ က ချေပဂိုးတစ်ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။

ဒါပေမယ့် မန်ယူ အသင်း က အကောင်းဆုံးပုံစံနဲ့ အနိုင်ရလဒ်ကို ထိန်းချုပ်ကစားနိုင်ခဲ့ပါတယ်။ ပရီးမီးယားလိဂ်မှာ အဆင့် (၈) နေရာသာရရှိလို ဥရောပဝင်ခွင့်အတွက် အက်ဖ်အေ ဖလားချန်ပီယံ ဆုရမှ ဖြစ်မယ့် မန်ယူအသင်းဟာ အခုအချိန်မှာတော့ ယူရိုပါလိဂ်ဝင်ခွင့်ရရှိသွားတာလည်းဖြစ်ပါတယ်။

မန်ယူအသင်းဟာ အက်ဖ်အေဖလားချန်ပီယံဆုကို (၁၃) ကြိမ်မြောက်ရရှိသွားတာ ဖြစ်ပါတယ်။

Telegram>>…
https://t.me/positiveanglenews

PAN

SZ