မလေးရှားနိုင်ငံ အော်ပရာစီကာလအတွင်း Exit Pass ကိုင်ဆောင်ထားသူများသာ ဖမ်းဆီးခံရခြင်းမှ ကင်းလွတ်မည်ဖြစ်ကြောင်း မြန်မာသံရုံးအသိပေး

မလေးရှားနိုင်ငံ အော်ပရာစီကာလအတွင်း Exit Pass ကိုင်ဆောင်ထားသူများသာ ဖမ်းဆီးခံရခြင်းမှ ကင်းလွတ်မည်ဖြစ်ကြောင်း မြန်မာသံရုံးအသိပေး


(နိုင်ငံတကာ) မေ ၂၄

လက်ရှိမေလအတွင်း မလေးရှားနိုင်ငံ၌ တရားမဝင်နေထိုင်သူများနှင့် အထောက်အထား မပြည့်စုံသူများအား အော်ပရာစီစစ်ဆင်ရေးတစ်ရပ်ပြုလုပ်၍ ဖမ်းဆီးလျက်ရှိရာ မလေးရှား လူဝင်မှုကြီးကြပ်ရေးရုံးတွင် နိုင်ငံ အတွင်းမှထွက်ခွာခွင့် Exit Pass ကိုင်ဆောင်ထားသူများသာ ဖမ်းဆီးခံရခြင်းမှ ကင်းလွတ်မည်ဖြစ်ကြောင်း မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးက အသိပေးကြေညာ ထားပါတယ်။

မြန်မာသံရုံးရဲ့အသိပေးချက်တွင် မလေးရှားနိုင်ငံအတွင်းမှ မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာမည့်သူများ အနေဖြင့် သတ်မှတ်ရက်မတိုင်မီ ဖမ်းဆီးစစ်ဆေးခြင်းခံရပါက သက်ဆိုင်ရာအရာရှိထံသို့ သက်တမ်းရှိ နိုင်ငံကူး လက်မှတ် (သိုမဟုတ်) သံရုံး၏ C of I စာရွက်၊ လေယာဉ်လက်မှတ်၊ မလေးရှားလူဝင်မှုကြီးကြပ်ရေးရုံးတွင် ဒဏ်ကြေးငွေဆောင်ထားသည့် လက်ခံစာရွက်နှင့် မလေးရှား နိုင်ငံမှ ပြန်လည်ထွက်ခွာခွင့်ပြုသည့် Exit Pass စာရွက်ကို ပြသရမည်ဖြစ်ကြောင်း ဖော်ပြထားပါတယ်။

လက်ရှိတွင် မြန်မာနိုင်ငံအတွင်းသို့ ပြန်လည်ဝင်ရောက်မည့်သူများအနေဖြင့် မလေးရှားလူဝင်မှု ကြီးကြပ်ရေးရုံးများတွင် ဒဏ်ကြေးငွေ ရင်းဂစ် ၅၀၀ နှင့် Exit Pass စာရွက်အတွက် ရင်းဂစ် ၁၀၀ ပေးဆောင် ရမည်ဖြစ်ကြောင်းနှင့် ထိုသို့ပေးဆောင်ရတဲ့ ဒဏ်ကြေးငွေအား မလေးရှားနိုင်ငံအစိုးရက လျော့ပေါ့ပေးနေတဲ့ ကာလအတွင်း Exit Pass ကိုလျှောက်ထားကြရန် လိုအပ်တယ်လို့ မြန်မာသံရုံးက အသိပေးထားပါတယ်။

မေလ တတိယပတ်အတွင်း မလေးရှားနိုင်ငံ ဆလန်ကောပြည်နယ်၌ တရားမဝင်နေထိုင်သူများနှင့် အထောက်အထားမပြည့်စုံသူများကို မလေးရှားရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆင်‌ရေး(အော်ပရာစီ) စတင်ဝင်ရောက်နေရာ မြန်မာနိုင်ငံသားအများအပြားဘဖမ်းဆီးခံနေရကြောင်း သိရပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN

SZ