YBS ယာဉ်အစီးရေ အပြည့်အဝမထွက်နိုင်၍ ခရီးသည်များ ယာဉ်ရှားပါးမှုပြဿနာရင်ဆိုင်နေရ


(ပြည်တွင်း) မေ ၂၃

YBS ယာဉ်များ CNG ဆိုင်များတွင် အချိန်ကြာမြင့်စွာ တန်းစီစောင့်ဆိုင်းနေရခြင်းကြောင့် ယာဉ်အစီးရေ အပြည့်အဝထွက်ရှိနိုင်ခြင်းမရှိဘဲ ခရီးသည်များ ယာဉ်ရှားပါးမှု ပြဿနာနှင့် ရင်ဆိုင် နေရကြောင်း သိရပါတယ်။

လက်ရှိတွင် ရန်ကုန်မြို၌ လျှပ်စစ်မီးအချိန်ကြာမြင့်စွာ ပြတ်တောက်မှုကြောင့် YBS ယာဉ်များ CNG တန်းစီချိန် ပိုမိုကြာမြင့်နေရခြင်း ဖြစ်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း YBS ယာဉ်အစီးရေ ၃,၅၀၀ ခန့် ပြေးဆွဲလျက်ရှိပြီး လက်ရှိတွင် CNG ဂက်စ်မရရှိ မှုကြောင့် ယာဉ်အစီးရေ ၂၈၀၀ ခန့်သာ ပြေးဆွဲနိုင်ကာ ယခင်ကာလထက် YBS ယာဉ်အစီးရေ ၇၀၀ ခန့် (ရာခိုင်နှုန်း ၂၀ ဝန်းကျင်) ပြေးဆွဲနိုင်မှု လျော့ကျသွားကြောင်း သိရပါတယ်။

လက်ရှိအချိန်တွင် CNG ဂက်စ်ဖြည့်မည့် YBS ယာဉ်များကိုလည်း မည်သည့် မြိုနယ်ရှိ CNG ဆိုင်များတွင် ဂက်စ်ကုန်နေခြင်း၊ တန်းစီသည့်ယာဉ်အစီးရေများနေခြင်း စသည်တိုကို YBS ယာဉ်မောင်းများသို အကြောင်းကြား ပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN

SZ