ဖောင်းပြင်မြို့နယ်၊ ရွှေထီးကုန်းကျေးရွာအနီးနှင့် နန်းပန်ကျေးရွာအနီးထိ‌တွေ့တိုက်ပွဲမှ အကြမ်းဖက် PDF အလောင်းနှင့် လက်နက်ခဲယမ်းများသိမ်းဆည်းရမိ


(အကြမ်းဖက်မှု) မေ ၂၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်၊ ရွှေထီးကုန်းကျေးရွာအနီးနှင့် နန်းပန်ကျေးရွာအနီးတို့မှ နယ်မြေတည်ငြိမ်ရေးဆောင်ရွက်နေသော လုံခြုံတပ်ဖွဲ့ဝင်များနှင့် အကြမ်းဖက် PDF အဖွဲ့များ ထိတွေ့တိုက်ပွဲဖြစ်ရာ အကြမ်းဖက်အလောင်းနှင့် ၎င်းတို့၏ လက်နက်ခဲယမ်းများသိမ်းဆည်းရမိကြောင်း သိရသည်။

ယမန်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် ရွှေထီးကုန်းကျေးရွာအနီး နယ်မြေတည်ငြိမ်‌ရေးရှင်းနေသည့် လုံခြုံရေးအဖွဲ့ဝင်များသည် လူမနေသည့် နေအိမ်တစ်လုံးကို တွေ့ရှိ၍ရှင်းလင်းခဲ့ရာ လက်လုပ်စိန်ပြောင်း ၁ လက်၊ လက်လုပ် ၄၀ မမ သေနတ် ၁ လက်၊ ရှော့တိုက်ပြောင်း ၁ ခု၊လက်လုပ်မိုင်း ၆ လုံး၊ ယမ်းမှုန့်(၂ ပိဿာ)၁ထုပ်၊ ရီမုဆားကစ် ၈ ခု၊ AK ကျည်အိမ် ၁ ခုတို့ကို သိမ်းဆည်းရမိကြောင်း သိရှိရသလို ယင်းနေ့ နံနက် ၆ နာရီအချိန်ခန့်ကလည်း ဖောင်းပြင်မြို့နယ် နန်းပန်ကျေးရွာအနီး လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အကြမ်းဖက် PDF များနှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ရာ အကြမ်းဖက် PDF ၁ လောင်း၊ လက်လုပ်သေနတ်(အရှည်) ၃ လက်၊ လက်လုပ်စိန်ပြောင်းဗုံးသီး ၇ လုံး၊ လက်လုပ်မိုင်း(မျိုးစုံ) ၅ လုံး၊ လက်လုပ် ၄၀ မမ ဗုံးသီး ၄ လုံး၊ ၁ ယောက်ပစ်ကျင်း ၂၀ ကျင်း၊ သစ်လုံးဘန်ကာ ၆ လုံး၊ ဝါးကျားလှန်ခြံစည်းရိုး ၁ ခု၊ ဆက်သွယ်ရေးမြောင်း ၁ ခုတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရပါသည်။

Telegram»…
https://t.me/positiveanglenews

PAN

GE #SZ