သံဖြူဇရပ် နှစ် ၁၅၀ ပြည့် အခမ်းအနားကျင်းပမည်


(ပြည်တွင်း) မေ ၂၂

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့ ၊ မြို့တည်နှစ် ၁၅၀ ပြည့် အခမ်းအနားကျင်းပမည်ဖြစ်ကြောင်း မြို့ခံများထံမှ သိရသည်။

သံဖြူဇရပ် နှစ် ၁၅၀ ပြည့် အထိမ်းအမှတ်အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး ကော်မတီတစ်ရပ်ကို မြို့မိမြို့ဖ ၂၀ ဦး၊ ဆပ်ကော်မတီ ၁၂ ရပ်ဖြင့် ဖွဲ့စည်းထားပြီးဖြစ်ပြီး နှစ် ၁၅၀ ပြည့်အထိမ်းအမှတ် အခမ်းအနားကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် ကျင်းပပြုလုပ် သွား​မည်ဖြစ်ကြောင်း သိရသည်။

သံဖြူဇရပ် မြို့တည်နှစ် ၁၅၀ ပြည့်အထိမ်းအမှတ် အခမ်းအနားတွင် သံဃာတော် အပါး ၁၅၀ အား ဆွမ်းဆက်ကပ်လှူဒါန်းခြင်း၊ ဆွမ်း ဆန်စိမ်းလောင်းလှူခြင်း၊ နှစ် ၁၅၀ ပြည့်အထိမ်းအမှတ်ကျောက်စာစိုက်ထူခြင်း၊ အားကစားပြိုင်ပွဲများ ကျင်းပခြင်းဖျော်ဖြေရေးအစီအစဥ်များဖြင့် ဆု ချီးမြှင့်ခြင်း၊ နှစ် ၁၅၀ပြည့် အထိမ်း အမှတ်မဂ္ဂဇင်း ၊ ပြက္ကဒိန်အကျီများ ရိုက်နှိပ်ရောင်းချခြင်း၊ အလှူငွေ ကောက်ခံခြင်း နည်းလမ်းများဖြင့် အောင်မြင်စွာ ဆောင်ရွက်ပါမည်ဖြစ်ကြောင်းလည်း သိရသည်။

သံဖြူဇရပ်မြို့သည် ဒုတိယကမ္ဘာစစ်အတွင်းတွင် ထင်ရှားသည့် သေမင်းတမန်ရထားလမ်းပိုင်းစတင်ရာမြို့တစ်မြို့ဖြစ်ပြီး မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီး နောက်တွင် နယ်ပိုင်ရုံးစိုက် မြို့တစ်မြို့စိုက်ခဲ့သည့်မြို့ ဖြစ်သည်။

သံဖြူဇရပ်ဟူ၍ ခေါ်တွင်ခြင်းမှာ ထိုအရပ်၌ အိမ်ခြေရွာခြေ စတင်တည်ထောင်သော ခရစ်နှစ် ၁၉ဝဝ ကျော်ခန့်က မော်လမြိုင်-ထားဝယ် ကြေးနန်းလမ်းဘေး၊ ယခု ဈေးတန်းတည်ဆောက်ထားသောနေရာ လမ်းဘေးတွင် အရပ်ရှစ်မျက်နှာအလိုက် ထောင့်ရှစ်ထောင့်ရှိ၍ အောက်ခံအုတ်ခင်း အင်္ဂတေကိုင်ထားပြီးလျှင် သွပ်မိုးထားသောဇရပ် (စရပ်)တစ်ဆောင်ရှိခဲ့ပြီး ထိုသွပ်မိုးဇရပ်ကိုအစွဲပြု၍ ခေါ်တွင်ခဲ့ခြင်း ဖြစ်ကာ ဒုတိယကမ္ဘာစစ်အတွင်းက မြန်မာနိုင်ငံတစ်ဝန်း၌ လူပြောများခဲ့သော အမည်တစ်ရပ်ဖြစ်သည်။

Telegram>>…
https://t.me/positiveanglenews

PAN

AMT #SZ