လဟယ်မြို့နယ်တွင် ဓါတ်အား (၄)မဂ္ဂါ၀ပ် ထုတ်လွှတ် ပေးနိုင်မည့် ဟွေထိုက်ချောင်း ရေအားလျှပ်စစ်စီမံကိန်း တည်ဆောက်နေ


(ပြည်တွင်း) မေ ၂၂

စစ်ကိုင်းတိုင်းဒေသကြီး၊နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့နယ်တွင် လျှပ်စစ်ဓါတ်အား (၄)မဂ္ဂါ၀ပ် ထုတ်လွှတ် ပေးနိုင်မည့် ဟွေထိုက်ချောင်း ရေအားလျှပ်စစ်စီမံကိန်း တည်ဆောက်နေကြောင်း နာဂဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။

အဆိုပါ‌ ဟွေထိုက်‌ချောင်း အသေစားရေအားလျှပ်စစ်စီမံကိန်းပြီးစီးပါက ၎င်းရေးအားလျှပ်စစ် စက်ရုံမှ စက်တစ်လုံးလျှင် (၁)မဂ္ဂါ၀ပ်၊စက်(၄)လုံးဖြင့် လျှပ်စစ် ဓါတ်အား (၄)မဂ္ဂါ၀ပ် ထုတ်လွှတ်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဉက္ကဌ ဦးထွန်းထွန်း၀င်းဟာ မေလ ၁၇ ရက်နေ့က ဟွေထိုက်ချောင်းအသေးစားရေအားလျှပ်စစ်စီမံကိန်း ရေအားလျှပ်စစ် တမံကွန်ကရစ်သွန်းလောင်းခြင်နှင့် ရေလွှဲရေထုတ်ပြွန်ကွန်ကရစ်သွန်းလောင်းခြင်း ရေသွယ်‌မြောင်းဆောင်ရွက်နေမှုကိုသွားရောက် ကြည့်ရှု့ စစ်ဆေးခဲ့ကြောင်း သိရသည်။

Telegram>>…
https://t.me/positiveanglenews

PAN

AMT #SZ