တမူးမြို့နယ် ကျွန်းပင်သာကျေးရွာအနီး အကြမ်းဖက် PDF များ၏ အလောင်း လက်နက်ခဲယမ်းဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ


မေ ၂၂

ယမန်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်၊ ကျွန်းပင်သာကျေးရွာအနီး နယ်မြေရှင်းနေသောလုံခြုံရေးအဖွဲ့များသည် ပြည်သူများ၏သတင်းပေးချက်အရ ကင်းပုန်းဝပ်စောင့်ဆိုင်းနေစဉ် ဆိုင်ကယ်စီးနင်းလာကြသော အကြမ်းဖက် PDF များကို တွေ့ရှိရ၍ ပစ်ခတ်ဖမ်းဆီးရှင်းရာ အသေပစ်ခတ်ဖမ်းဆီးရမိကြောင်းသိရသည်။

အဆိုပါပစ်ခတ်ဖမ်းရာတွင် အကြမ်းဖက် PDF ၄ လောင်း၊ အမ်-၂၂ သေနတ် ၁ လက်၊ ကျည်အိမ် ၂ ခု၊ ကျည် ၅၄ တောင့်
၊ Drone ၁ စီး၊ Drone ဘတ္တရီ ၇ ခု တို့ကို သိမ်းဆည်းရမိကြောင်း သိရသည်။

#PAan