အီရန်သမ္မတ၊ နိုင်ငံခြားရေးဝန်ကြီးနှင့် အခြား ရဟတ်ယာဉ်ပျက်ကျရာ နေရာ၌ သေဆုံးနေသည်ကို တွေ့ရှိခဲ့

မေ ၂၀

     နိုင်ငံအနောက်မြောက်ပိုင်းရှိ မြူခိုးထူထပ် သော တောင်တန်းဒေသတွင် ၎င်းတို့၏ရဟတ် ယာဉ်ပျက်ကျပြီး နာရီပိုင်းအကြာ တနင်္လာနေ့တွင် အီရန်နိုင်ငံသမ္မတ Ebrahim Raisi ၊ နိုင်ငံခြားရေးဝန်ကြီးနှင့် အခြားအရာရှိအများအပြား သေဆုံးနေသည်ကို တွေ့ရှိခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့သည်။

     အစ္စရေး-ဟားမတ်စ်စစ်ပွဲကြောင့် အရှေအလယ်ပိုင်းဒေသတွင် အခြေမငြိမ်သေးဘဲ ပြီးခဲ့သောလကပင် အစ္စရေးကို မကြုံစဖူး ဒရုန်းနှင့် ဒုံးကျည်များဖြင့် တိုက်ခိုက်ခဲ့သည့် အမြင့်ဆုံးခေါင်းဆောင် အယာတိုလာ အလီခါမေနီ၏ လက်အောက်တွင် သမ္မတ တာဝန်ထမ်းဆောင်နေသော အသက် ၆၃ နှစ်အရွယ် Raisi သည် ရဟတ်ယာဥ်ပျက်ကျခြင်း ဖြစ်လာသည်။

      အီရန်၏ ဒုတိယသမ္မတ(၁) မိုဟာမက် မိုခဘာသည် ရွေးကောက်ပွဲ မကျင်းပမီအထိ နိုင်ငံ၏ ယာယီသမ္မတအဖြစ် ထမ်းဆောင်မည်ဟု ခါမေနီက တနင်္လာနေ့တွင် ကြေညာခဲ့သည်။

       Raisi ရာထူးသက်တမ်းအတွင်း အီရန်သည် လက်နက်အဆင့်အထိ ယူရေနီယံကို ယခင်ကထက် ပိုမိုနီးကပ်စွာ ဖြည့်တင်းခဲ့ပြီး တီဟီရန်ကလည်း ယူကရိန်းစစ်ပွဲအတွက် ရုရှားနှင့် ဒေသတွင်းရှိ လက်နက် ကိုင် ပြည်သူ့စစ်အဖွဲ့များကို ဗုံးသယ်ဆောင်သည့် ဒရုန်းများကို ထောက်ပံ့ပေးခဲ့သဖြင့် အနောက်အုပ်စုနှင့် တင်းမာမှုများ ပိုမိုပြင်းထန်လာခဲ့သည်။

      တစ်ချိန်တည်းတွင် အီရန်သည် ၎င်း၏ နာမကျန်းဖြစ်နေသော စီးပွားရေးနှင့် အမျိုးသမီးအခွင့်အရေးများဆိုင်ရာ ရှီးယိုက်ာဘသာရေးအုပ်ချုပ်မှုစနစ်ကို ဆန့်ကျင်သည့် လူထုဆန္ဒပြမှုများကို နှစ်ပေါင်းများစွာ ရင်ဆိုင်ခဲ့ရပြီး တီဟီရန်နှင့် နိုင်ငံအနာဂတ်အတွက် အလွန်အကဲဆတ်သည့် အခိုက်အတန့်ဖြစ်စေခဲ့သည်ဟု AP သတင်းတွင်ဖော်ပြထားသည်။

#PAN