(အားကစား) မေ ၂၀
အသက် ၇၀ အရွယ် ဝါရင့်နည်းပြ ဂတ်စ်ဆက်ဟာ ရာသီအကုန်မှာ နည်းပြဘဝကနေ အနားယူတော့မှာဖြစ် တယ်လို့ မေလ ၁၇ ရက်က အတည်ပြုပြောကြားခဲ့ပါတယ်။
ဂတ်စ်ဆက် ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက မာဆေးလ် အသင်းကို ယာယီနည်းပြအဖြစ် ရာသီကုန်အထိ တာဝန်ယူခဲ့တာဖြစ်ပြီး ရာသီပိတ်ပွဲမကစားခင်မှာ အသင်းကို အဆင့်(၈)နေရာမှာ ရပ်တည်နိုင်အောင် ဦးဆောင်ပေးထားခဲ့သူ ဖြစ်ပါတယ်။
ပြင်သစ်ဝါရင့်နည်းပြ ဂတ်စ်ဆက် ဟာ မာဆေးလ်အသင်းကို တာဝန်မယူခင် အိုင်ဗရီကိုစ် လက်ရွေးစင်အသင်း ကို ၂၀၂၂ ခုနှစ် ကနေ ၂၀၂၄ ခုနှစ် ဇန်နဝါရီလအထိ တာဝန်ယူခဲ့ပေမယ့် ရလဒ်ဆိုးတွေကြောင့် ရာထူးကနေ ထုတ်ပယ် ခံခဲ့ရတာ ဖြစ်ပါတယ်။
မာဆေးလ်အသင်းနဲ့ အချိန်ကာလတိုသာ ဖြတ်သန်းခဲ့ရပေမယ့် သတိရစရာ အဖြစ်အပျက်တွေ များစွာရှိခဲ့တယ်လို့ ဂတ်စ်ဆက် က ပြောကြားသွားခဲ့ပါတယ်။
Telegram»…
https://t.me/positiveanglenews/22772