(ပြည်တွင်း) မေ ၂၀
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် ဓာတ်မီးတိုင်များကို ပြန်လည်စိုက်ထူကာ လျှပ်စစ်ကြိုးများ ပြင်ဆင်တပ်ဆင်ခြင်းလုပ်ငန်းများကို ယနေ့မှစတင်၍ ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရှိရသည်။
အကြမ်းဖက် KNU/PDF များကြောင့် ပျက်စီးခဲ့သော ကော့ကရိတ်မြို့ကို ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေပြီး ရပ်ကွက်များအတွင်း ဓာတ်တိုင်များနှင့် ဓာတ်ကြိုးများသွယ်တန်းခြင်းကို ဆောင်ရွက်လျက်ရှိကြောင်း၊ ဓာတ်အားလိုင်းကြိုးများနှင့် မလွတ်သော သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်း ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
“ပြန်လည်ထူထောင်ရေးကတော့ အရှိန်မြင့်ဆောင်ရွက်နေတာ တွေ့ရတယ် ဓာတ်ကြိုးတွေ ပြန်တပ်တယ် ဓာတ်တိုင်တွေ အသစ်လဲတာ ပြင်တာတွေလည်း ရှိတယ် အခု မီးကြိုးတွေ တပ်ပြီးပါပြီ”လို့ ဒေသခံပြည်သူတစ်ဦးရဲ့ ပြောကြားချက်အရ သိရှိရပါတယ်။
Telegram>>…
https://t.me/positiveanglenews