မိုးမောက်မြို့နယ်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးအားအကြမ်းဖက် KIA/PDF အဖွဲ့မှ မီးရှို့ဖျက်ဆီးရာ ပါတီရုံးအနီးရှိဈေးနှင့် လူနေအိမ်အများအပြားမီးလောင်ဆုံးရှုံး


မေ ၁၈

ယမန်နေ့ ညနေ ၅ နာရီအချိန်ခန့်တွင်ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်ရှိ ပြည်‌ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြို့ရေးပါတီမြို့နယ်ရုံးကို အကြမ်းဖက် KIA /PDF အဖွဲ့တို့က မီးရှို့ဖျက်စီးသွားကြောင်း သိရသည်။

အဆိုပါ ပါတီရုံးမီးလောင်းကျွမ်းပျက်စီးသွားပြီး အနီးအနားရှိ မိုးမောက်စည်ပင်စျေးနှင့်လူနေအိမ်များလည်း အားလုံးမီးလောင်ကျွမ်းပျက်စီးသွားကြောင်း သိရသည်။

NLD ပါတီ၏ ရွေးကောက်ပွဲ မဲမသမာမှုများ၏ နောက်ဆက်တွဲအဖြစ် အကြမ်းဖက်လက်နက်ကိုင် ပုန်ကန်သူများ ပေါ်ပေါက်လာပြီး လက်နက်ကိုင်ပစ်ခတ် တိုက်ခိုက်မှုများ၊ သတ်ဖြတ်မှုများနှင့် လမ်းတံတားများအား မိုင်းခွဲတိုက်ခိုက်မှု၊ မီးရှို့မှုများအပြင် လူနေအဆောက်အဦများနှင့် အစိုးရရုံးဌာနများကိုလည်း Drop Bomb ဖြင့် ပစ်ချတိုက်ခိုက်မှုများ အကြိမ်ကြိမ်ပြုလုပ်လျှက်ရှိကြောင်း သိရှိရသည်။

#GE #SZ