ချန်ပီယံလိဂ်ပြိုင်ပွဲ ပထမဆုံးအကြိမ် ဝင်ခွင့်ရရှိတဲ့ ဗီလာ

(အားကစား) မေ ၁၅

အင်္ဂါညက ပရီးမီးယားလိဂ် ပွဲကျန်ပွဲစဉ်(၃၄)အဖြစ် စပါးအသင်းနဲ့ မန်စီးတီးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာတွင် မန်စီးတီးအသင်းက စပါးအသင်းကို (0-2)ဂိုးရလဒ်နဲ့အနိုင်ရရှိခဲ့တာကြောင့် အက်စ်တွန်ဗီလာအသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲကို ပထမဆုံးအကြိမ် ဝင်ခွင့်ရရှိသွားကြောင်းသိရပါတယ်။

ဒီရလဒ်ကြောင့် ဗီလာဟာ တစ်ပွဲကစားဖို့ကျန်ရှိချိန်မှာ အဆင့်(၅)နေရာကစပါးကို (၅)မှတ်ဖြတ်နိုင်ခဲ့တာကြောင့် အဆင့်(၄)နေရာနဲ့ရာသီသိမ်းနိုင်ဖို့ သေချာခဲ့ပြီး လာမယ့်ရာသီချန်ပီယံလိဂ်ဝင်ခွင့်ရရှိခဲ့တာဖြစ်ပါတယ်။

ဗီလာနည်းပြအူနိုင်းအမ်မရီနဲ့ ကစားသမားတွေဟာ အင်္ဂါညက ဗီလာပတ်ခ်မှာ နှစ်ပတ်လည် awards night ကျင်းပခဲ့ပြီး စပါးနဲ့ မန်စီးတီးပွဲအပြီး ချန်ပီယံလိဂ်ဝင်ခွင့်သေချာခဲ့ပြီးနောက် အောင်ပွဲခံခဲ့ကြပါတယ်။