ပူတာအိုမြို့က အသက် (၁၅)နှစ်အရွယ်အမျိုးသမီးငယ်ကို အဓမ္မကျင့်သူကို ပြည်သူ့စစ်ကဖမ်းဆီးပြီး ရဲလက်အပ်


(မှုခင်း) မေ ၁၃

ကချင်ပြည်နယ်၊ ပူတာအိုမြို့ ၊ဒုတ္တန်ရပ်ကွက် ၂ တွင် မေလ ၁၀ ရက်နေ့ ညပိုင်းတွင် အသက် (၁၅)နှစ်အရွယ် မဒူနော် ဆိုသူ အမျိုးသမီးကို အဓမ္မပြုကျင့်သတ်ဖြတ်ကာ ရုပ်အလောင်းကို သက်ငယ်တောအတွင်းစွန့်ပစ်ထားခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဓမ္မပြုကျင့်သတ်ဖြတ် မဒူနော် သေဆုံးမှုအတွက် သံသယရှိသူအမျိုးသားတစ်ဦးအား ပူတာအိုမြို့၊ ဌာနေပြည်သူ့စစ်တပ်ဖွဲ့၀င်များက ဖမ်းဆီးခဲ့ပြီး ထိုသံသယရှိသူအမျိုသားကို ရဲတပ်ဖွဲ့လက်ထံသို့ အပ်နှံပေးလိုက် ကြောင်း သိရသည်။

“လူသတ်မှု အဓမ္မပြုကျင့်မှုအတွက် သံသယရှိသူသည် ပူတာအိုလေယာဉ်ကွင်းရပ်ကွက်အနီးရှိမှန်ဆိုင်တွင် အခြားဒေသမှလာရောက်ကာ အလုပ်လုပ်နေသည့် ရွှေ့ပြောင်းအလုပ်သမားတစ်ဦးဖြစ်ပြီး ၎င်းအမျိုးသားသည် မဒူနော်ဆိုသည့် အမျိုးသမီး မသတ်ဖြတ်ခံရမီ နေအိမ်မှထွက်သွားပြီး မှန်ဆိုင်တွင်ရှိနေခြင်းမရှိပဲ မဒူနော် အသတ်ခံလိုက်ရသည့် ယင်းည ၁၁ နာရီ အချိန် ၀န်းကျင်ခန့်မှသာ ထိုမှန်ဆိုင်သို့ ပြန်လည်ရောက်ရှိလာသည်” ဟု ဒေသများ၏ ပြောဆိုချက်များအရ သိရသည်။

အလုပ်သမားအမျိုးသားအား မင်္သကာသည့်အတွက် ထိုဆိုင်မှ၀န်ထမ်းများအား ဌာနေပြည်သူ့စစ်တပ်ဖွဲ့၀င်များမှ ခေါ်ယူစစ်ဆေးရာ ၎င်းက မဒူနော် ဆိုသူအမျိုးသမီးကို သတ်လိုက်သူဖြစ်ကြောင်း ၀န်ခံထွက်ဆိုခဲ့ကြောင်းသိရသည်။

မဒူနော် ဆိုသူအမျိုးသမီး၏ လက်နှင့်လည်ပင်းတွင် ပြတ်ရှဒဏ်ရာများနှင့်အတူ အဓမ္မပြုကျင့်ခံရသည့် အနေအထားဖြင့် သေဆုံးနေသည့် ရုပ်အလောင်းကို ဒုတ္ထန်ရပ်ကွက်နေထိုင်သူများမှ တွေ့ရှိခဲ့ကြတာဖြစ် ကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews/22529

PAN

AMT #SZ