မေ ၁၃
အစ္စရေးနှင့် ဟားမတ်စ်တို့အကြား ဖြစ်ပွားနေသည့် ပဋိပက္ခအတွင်း ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ သဘောတူညီမှုရရှိရေးနှင့်ပတ်သက်ပြီး ကြိုးပမ်းဆောင်ရွက်နေသော ကြားဝင် ညှိနှိင်းသူများသည် ၎င်းတို၏ တွေ့ဆုံဆွေးနွေးမှုများကို လတ်တလောတွင် ရပ်နားထားကြောင်း သိရသည်။
သို့သော်လည်း ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသာလျှင် နောက်ထပ်သွေးထွက်သံယိုဖြစ်ပွားမှုကို တားဆီး နိုင်ပြီး အလွန်လိုအပ်နေသော ထောက်ပံ့ကူညီမှုများကို ပေးအပ်နိုင်မည်ဖြစ်ကြောင်း ကုသမဂ္ဂအကူအညီပေးရေး တာဝန်ရှိသူများက မေလ ၁၀ ရက် သတင်းစာရှင်းလင်းပွဲတွင် သတိပေးပြောကြားလိုက်သည်။
အစ္စရေးက ဗုံးများကို ရာဖာမြို့အပေါ်သို့ ဆက်လက်ကြဲချလျက်ရှိကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှု ဆိုင်ရာ ညှိနှိင်းရေးရုံးမှ ပက်ထရိုပေါလုစ် က ပြောသည်။ ထိုပြင် အစ္စရေးက လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ ဇုန်အဖြစ်သတ်မှတ်ထားသော မူဝါစီဒေသနှင့်ပိုမိုနီးကပ်စွာ တိုက်ခိုက်မှုများဖြစ်ပွားလာနေသည်ကို မြင်တွေ့ရကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
အဆိုပါနေရာတွင် ထောင်သောင်းချီသော အိုးအိမ်စွန့်ခွာလာသူများ ခိုလှုံနေကြသော်လည်း အစ္စရေးက ၎င်းတို့ထံ ထိရောက်ပြီးဘေးကင်းသောနည်းလမ်းဖြင့် ထောက်ပံ့ကူညီမှုများကို တားဆီးထားကြောင်း ကုလသမဂ္ဂ တာဝန်ရှိသူများကပြောသည်။
ယခုသီတင်းပတ်အစောပိုင်းတွင် အစ္စရေးက ရာဖာနယ်စပ်ဖြတ်သန်းရေးဂိတ်ကို ထိန်းချုပ်လိုက်ပြီးနောက် ဂါဇာကမ်းမြောင်သို့ ထရပ်ကားများ ဝင်ရောက်နိုင်ခြင်းမရှိတော့ကြောင်း သိရသည်။
ထိုပြင် ဆေးရုံများပြိုကျပြီး သန့်ရှင်းသောသောက်သုံးရေ ပြတ်လပ်ပါက ရောဂါကူးစက်ပျံ့နှံမှုများ ဖြစ်ပွားလာမည်ကို စိုးရိမ်လျက်ရှိကြသည်။ ဂါဇာကမ်းမြောင်တောင်ပိုင်းတွင် စနေနေ့မတိုင်မီ ရိက္ခာများပြတ်တောက်ဖွယ်ရှိကြောင်း ကုလသမဂ္ဂတာဝန်ရှိသူများက သတိပေးထားသည်။
VK Link>>…
https://vk.com/wall-220066330_6350
Telegram»…
https://t.me/positiveanglenews/22528