အဓိက Rafah စစ်ဆင်ရေးမှာ ဟားမတ်စ်ကို ချေမှုန်းနိုင်မည်မဟုတ်ဟု အိမ်ဖြူတော်က ပြောကြား

မေ ၁၁

      အစ္စရေး၏ အဓိက Rafah စစ်ဆင်ရေးသည် ဂါဇာရှိ ပါလက်စတိုင်းအဖွဲ့၊ ဟားမတ်စ်တို့ကို အနိုင်ယူရန် နိုင်ငံ၏ ရည်မှန်းချက်ကို ရှေ့မတိုးနိုင်ဟု သမ္မတ Joe Biden က ယုံကြည်ကြောင်း အိမ်ဖြူတော် အမျိုးသားလုံခြုံရေးပြောရေး ဆိုခွင့်ရှိသူ John Kirby က ကြာသပတေးနေ့တွင် ပြောကြားခဲ့ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

      “သူ့အမြင် အရတော့ Rafah ထဲကိုဝင်ပြီး ချေမှုန်းလိုက်တာက အဲဒီ ရည်မှန်းချက် အကောင်အထည် ဖော်နိုင်မှာမဟုတ်ဘူး” ဟု Kirby က သတင်းထောက်များနှင့် တွေ့ဆုံပွဲ၌ ပြောကြားခဲ့သည်။

      ဓားစာခံများ ပြန်လွှတ်ပေးရေး သဘောတူညီချက်အတွက် ကိုင်ရိုတွင် လက်ရှိ ညှိနှိုင်းမှုများ သည် ကွဲလွဲမှုမရှိဘဲ ပြီးဆုံးသွားခဲ့ကြောင်း အကြီးတန်း အစ္စရေးအရာရှိတစ်ဦးက ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။ အစ္စရေးက စီစဉ်ထားသည့်အတိုင်း Rafah တွင် ၎င်း၏စစ်ဆင်ရေးကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အဆိုပါအရာရှိက ထပ်လောင်း ပြောကြားခဲ့သည်။

      အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony
Blinken သည် ဂါဇာ၌ အစ္စရေး၏ လုပ်ရပ်များကို
ဝေဖန်သည့် ကွန်ဂရက်သို့ အစီရင်ခံစာ တင်သွင်းရန် စီစဉ်ထားသည်ဟု အမေရိကန် အရာရှိ သုံးဦးအား ကိုးကား၍ သောကြာနေ့ Axios အစီရင်ခံစာတွင် ဖော်ပြထားသည်။

      Axios မှ Blinken ၏ အစီရင်ခံစာတွင် နိုင်ငံ တကာဥပဒေနှင့်အညီ အမေရိကန် လက်နက်များ အသုံးပြုမှုနှင့် ပတ်သက်၍ အစ္စရေးသည် ၎င်း၏ ထိတွေ့ဆက်ဆံမှုအား ချိုးဖောက်ခြင်းမရှိဟု ဖော်ပြထားနိုင်သည်ဟု Axios က ဖော်ပြခဲ့သည်။

       ဂါဇာစစ်ပွဲမှာ ၂၁၇ ရက်ရှိလာခဲ့ပြီး ဓားစာခံလွတ် မြောက်ရေး ဆွေးနွေးမှုများမှာလည်း နှစ်ဖက်ညှိနှိုင်း မရနိုင်သေးပဲ အစ္စရေး၏ Rafah သို့ ဝင်ရောက် တိုက် ခိုက်နေမှုများအပေါ် နိုင်ငံတကာမှ ကန့်ကွက်နေကြကာ အမေရိကန်မှ လက်နက်ခဲယမ်း တင်ပို့မှုများကို ခေတ္တဆိုင်းငံ့ထားရှိသော် လည်း ပြန်လည်ပေးပို့နိုင်ရန် Rafah စစ်ဆင်ရေး ၌ အမေရိကန်လက်နက်များ အသုံးပြုမှုနှင့် ပတ် သက်၍ နိုင်ငံတကာ ဥပဒေများ ချိုးဖောက်ခြင်း မရှိဟု နည်းမျိုးစုံ ခေါင်းစဉ်ပြ လုပ်ဆောင်နေသည်မှာ အမေရိကန်၏ အရှေ့အလယ်ပိုင်းလယ်ပိုင်းတွင်း အစ္စရေးအပေါ် အထောက်အကူပြုနေမှုကို ထင်ရှားစွာ ပြသထားသဖြင့် အစ္စရေးတို့၏ ရည် မှန်းချက်အတိုင်း ဟားမတ်စ် အမြစ်ပြတ်ရေး
စစ်ပွဲများ ဆက်လက်လုပ်ဆောင်လျှက်ရှိရာ အသေ အပျောက် များပြားလာနိုင်သည်ဟု စောင့်ကြည့် လေ့လာသူများက သုံးသပ်ထားပါသည်။

#PAN